Part 13

1.1K 55 0
                                    

နေ့လယ်စာစားပြီးတော့ထယ်ယောင်းနဲ့ဂျောင်ကုရော Mr Jeon နဲ့ Mrs Jeon ရောပါ ဧည့်ခန်းကဆိုဖာတစ်ဖက်စီပေါ်မှာထိုင်၍အချိုပွဲအသီးတွေစားနေလေရဲ့။

Mrs Jeon နဲ့ ထယ်ယောင်းဟာနှစ်ယောက်အတူထိုင်ပြီးထယ်ယောင်းဝယ်လာတဲ့ပစ္စည်းလက်ဆောင်တွေကိုကြည့်ရင်းစကားတွေပြောနေသလို သူတို့နဲ့မျက်နှာချင်းဆိုင်က Jeon သားအဖမှာတော့ ဘုံပျောက်နေရသည်။

"သားထယ်ရယ် omma ကချည်ထိုးတာကြိုက်တာဘယ်လိုသိပြီး ရောင်စုံချည်တွေဝယ်လာရတာလဲကွယ် သိပ်ကိုချစ်စရာကောင်းတာပဲ"

"ကျွန်တော် ဂျောင်ကုကိုမေးပြီးတော့ omma ကြိုက်တတ်တာလေးတွေဝယ်လာတာပါ အော် ပြီးတော့ဒီ shirt လေးရော ဦးလေးအတွက်ပါ ဒီ necktie လေးရော အရောင်ကြိုက်ရဲ့လားဗျ"

"အလိမ္မာသားလေးပဲ"

Mr Jeon ဟာထိုသို့ချီးကျူးလေရဲ့ Mrs Jeon ကလည်း

"အလိုက်သိလိုက်တာကွယ် ကြည့်စမ်းပါဦး ဟဲ့ ငကုနင်ကြည့်စမ်း နင်နဲ့များတစ်ခြားစီပဲနော်"

"အော် အရပ်ကတို့ရေ! အခုတော့ ငကုတဲ့! အရင်က သားလေး သားကုလေးရေ လို့ခေါ်လာတဲ့အမေက ရုတ်တရက်ကြီးလူစားလဲသွားလေရဲ့ ကြားလို့မှကောင်းပါသေးရဲ့လား"

ဂျောင်ကုကထိုသို့အိုဗာတင်းလေတော့သည်။

"တိတ်စမ်း နင်ငါ့ကိုတစ်နှစ်နေလို့ဘာလက်ဆောင်ပေးဖူးလို့လဲ"

"ဟာ omma ရုတ်တရက်ကြီးအတိတ်မေ့သွားတာလား omma မွေးနေ့တိုင်း surprise တွေတိုက်နေတာလေ တစ်ခါလုပ်ပေးရင် omma အများကြီးရလို့ omma တောင်သားကို appa ထက်ပိုချစ်တယ်ပြောလို့ appa တောင်စိတ်ကောက်သွားခဲ့သေးတယ်လေ"

"ဟေ့ကောင် ငါ့ကိုဆွဲမထည့်နဲ့လေ"

ဖအေကိုရရင်ရတဲ့အချိန်လှန်တတ်တဲ့သားလိမ္မာလေးရယ်ပါလေ။

"သားကမှန်တာပြောတာကို"

"တိတ် ဘာမှမပြောနဲ့ မွေးနေ့မို့ဝတ္တရားအရပေးတာများ နှစ်ယောက်လုံးကိုမချစ်တော့ဘူး သားထယ်လေးကိုပဲအချစ်တွေအကုန်ပေးလိုက်တော့မှာ"

"ဟာ omma..."
"ဟာ မိန်းမ..."

Jeon သားအဖစီမှတစ်သံတည်းထွက်လာလေသည်။

To Love You (Completed)Where stories live. Discover now