Part 17

1.1K 55 0
                                    

Jae Yoo ဟာ ထယ်ယောင်းတို့ ဂျီမင်တို့နှင့်ခင်တာရက်သတ္တပတ်ပင်ရှိနေပြီဖြစ်သည်။ သူတို့ဟာထမင်းစားချိန်တိုင်းတူတူစားသည်။ ကျောင်းထဲမှဒုတိယနှစ်ရှိအမျိုးသမီးများသည်လည်းထယ်ယောင်းနဲ့ဂျီမင့်ကိုအားကျလာကြသည်။ ဂျီမင့်ထက်ထယ်ယောင်းကိုပိုလို့တောင်အားကျနေကြသည်လေ။ ဘာကြောင့်လဲဆိုတော့ ဂျယ်ယူဟာထယ်ယောင်းနဲ့ဆိုအမြဲရယ်မောနေတတ်သည်။ ဂျီမင်နဲ့လည်းရင်းနှီးပေမယ့် တော်တော်များများကထယ်ယောင်းနဲ့ Jae Yoo ကြားတစ်ခုခုရှိနေမည်ဟုလည်းထင်ကြေးပေးကြသေးသည်။

ထယ်ယောင်းဟာဒါတွေကိုမသိပေမယ့် ဂျောင်ကုကတော့ဒီလိုတွေကြားရတာကိုမကြိုက်ဖြစ်နေသည်။

အဲ့တာကြောင့်သူ(Jk)ဟာလည်းကောင်မလေးတွေနဲ့ခြေရှုပ်ပြလေသည်။ ထယ်ယောင်းများသဝန်တိုမလားဆိုသည့် စိတ်နှင့်ပင်။ သို့သော်ထယ်ယောင်းကတော့ပုံမှန်အတိုင်းဂျီမင်တို့ ဂျယ်ယူတို့ဖြင့်ပြုံးပျော်နေဆဲပင်။

ဒီနေ့ကတော့ Holiday ဖြစ်သည်။ ဒါပေမယ့်ဂျောင်ကုမှာနားချင်တိုင်းမနားရ။ အိမ်ကမာတာမိခင်ကသူ့သားထယ်လေးကိုမတွေ့ရတာကြာပြီဖြစ်တာကြောင့်ခေါ်သည်။ ထယ်ယောင်းဟာလည်းမသွားချင်ရှာပါဘူး ချက်ချင်းကိုအင်္ကျီလဲပြီးလို့သွားရန်အဆင်သင့်ဖြစ်နေလေပြီ။
ထိုသို့ဖြင့်သူတို့နှစ်ယောက် Mr Jeon တို့အိမ်ကိုဂျောင်ကု့ကားဖြင့်ထွက်လာခဲ့ကြသည်။

.
.
.
.
.

Mr Jeon တို့အိမ်ရောက်တော့သူတို့ထက်အရင်ရောက်နေနှင့်တဲ့ကားနှစ်စီး။ ထယ်ယောင်းကြည့်လိုက်တော့တစ်စီးကသူ့ appa ရဲ့ကားဖြစ်ပြီး​ နောက်တစ်ခုကထင်တာမမှားဘူးဆိုရင် ဂျီမင့်ယောက်ျား Yoongi Hyung ရဲ့ကားပင်။

သူတို့နှစ်ယောက်လည်းအိမ်ထဲဝင်လာလိုက်တော့ ဧည့်ခန်းထဲမှာစကားလက်ဆုံကျနေကြတဲ့ မင်လင်လင်ရယ် Mr Kim ရယ်ပင်။

Mrs Jeon-ဟော ပြောရင်းဆိုရင်းသားတို့တောင်ရောက်လာပြီပဲ

Jk-Omma ဘာလို့ဂျီမင်တို့ရော Mr Kim တို့ရောရောက်နေတာလဲ

ဂျောင်ကုတစ်ယောက်မေးသာမေးနေရတာလိပ်ပြာလုံနေသည်မဟုတ်။ သူကထယ်ယောင်းရဲ့သဝန်တိုမှုလိုချင်လို့သာကောင်မလေးတွေနဲ့ခြေရှုပ်တာကို ဂျီမင်ကသွားပြောလိုက်မလားဆိုပြီးစိတ်ပူနေရသည်။

To Love You (Completed)Where stories live. Discover now