ထယ်ယောင်းဆေးရုံမှဆင်းမည့်နေ့ဖြစ်သည်။ ဆရာဝန်ကြီးကနောက်သုံးလေးရက်လောက်နေစေချင်တယ်လို့ပြောတာမို့ ဂျောင်ကုရော Mrs Jeon တို့ကပါထယ်ယောင်းကိုဝိုင်းဖြောင်းဖြပေမယ့်ထယ်ယောင်ကတော့လက်မခံ။ သားဖြစ်သူရဲ့ဝေဒနါကိုနားလည်တာမို့ Mr Kim ကတော့သူ့သသဘောဟုသာဆိုသည်။
ထယ်ယောင်းလည်းခဏတာအိပ်နေလိုက်သည်။ Mr Kim နဲ့ ဂျောင်ကုနဲ့ကတော့ အထုတ်တွေသိမ်းပေးနေသည်။
"အဖေ ဘာလို့ Hyung ကဆေးရုံဆင်းချင်တာကိုဝင်ပြီးမပြောပေးရတာလဲ"
"Haha မင်းကအဲ့ကိစ္စကိုသိချင်နေတာလား"
"ဟုတ်တယ် တကယ်တော့သားကိုစိတ်ချမ်းသာစေချင်လို့ဆိုတာနားလည်ပေမယ့်တစ်ချို့ကျန်းမာရေးနဲ့ပတ်သတ်တဲ့ကိစ္စတွေကျခွင့်မပြုသင့်ဘူးထင်လို့ပါ"
"ငါ့သားကိုစိတ်ချမ်းသာစေချင်တာအမှန်ပဲ"
"......"
"ပြီးတော့ သူ့ကိုသနားလို့ စာနာမိလို့ အားနာလွန်းလို့ပါ..."
ဝမ်းနည်းဖွယ်ပြောနေသော Mr Kim ကြောင့် ဂျောင်ကုလည်းမေးကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲဟင်"
"သူ့အမေကသူငယ်ငယ်လေးကတည်းကဆေးရုံကိုခဏခဏလာရတယ်လေ သူလူမှန်းစသိတဲ့အချိန် သုံးနှစ်လောက်ကတည်းကဆေးရုံကိုခဏခဏလာရတာ သူ့အမေ ငါ့မိန်းမက ကလေးမို့မခေါ်ချင်ပေမယ့် သားထယ်လေးကသူ့အမေကိုသိပ်ချစ်သလိုအရမ်းတွယ်တာရှာတာကွ ဘာလို့ဆိုသူ့ကိုအချိန်ပေးပြီးချစ်ပေးမယ့် အဖေမရှိလို့လေ သူ့အမေကသူလေးနှစ်လောက်မှာဆေးရုံမှာပဲနေရတော့တယ် ငါကသူ့အမေကိုတိုက်ရိုက်တောင်လာမကြည့်ခဲ့ဘူး သူ့အမေမသိအောင်ခိုးကြောင်ခိုးဝှက်နဲ့ပဲလာကြည့်ခဲ့တယ် ငါသူ့ကိုချစ်မိနေခဲ့တာပါ အမှားတွေကြောင့်ထုတ်မပြောရဲခဲ့တာ သူ့အမေကသူငါးနှစ်ကျော်ကျော်လောက်မှာပဲ ဆေးရုံမှာခေါင်းချသွားတာ ဆေးရုံဆိုတာနဲ့သူ့အမေခံစားခဲ့ရတဲ့ရောဂါဝေဒနါတွေ သူ့အမေကိုဆုံးရှုံးလိုက်ရတဲ့နေရာဆိုပြီးသူကတော်ရုံတန်ရုံဘယ်တော့မှဆေးရုံကိုမသွားခဲ့ဘူး"
"....."
"ငါကတကယ်တော့မကောင်းတဲ့အိမ်ထောင်ဦးစီး မကောင်းတဲ့အဖေ တစ်ယောက်ပါ"
YOU ARE READING
To Love You (Completed)