Part 6

1.3K 52 5
                                    

Jungkook အိမ်ထောင်ဖက်တွေ့ပြီးပြန်လာခဲ့တာ အခုဆိုရင် တစ်စုံတစ်မင် ဆောတီးမှားလို့ တစ်စုံနှစ်မင်ရဲ့အိမ်ရှေ့ကိုရောက်နေလေရဲ့။

Tiiiii!

ကားဟွန်းတီးလိုက်တော့ ထိုခြံထဲကနေထွက်လာတဲ့ကောင်လေးက ခြံတံခါးကိုကားဝင်လို့ရအောင်ဖွင့်ပေးပြီး ပြန်ပိတ်ခဲ့တယ်။
ထို့နောက် ဂျောင်ကုနားရောက်လာပြီးချိုသာသောအသံလေးဖြင့်

"ငကု ီးလို့အကျယ်ကြီးတီးနေတာလားကွ!"

ရောက်ရောက်ချင်းကြိုဆိုသောကြားသူတိုင်းရဲ့စိတ်ထဲနားဝင်မချိုစေတဲ့ ဆဲသံ

"ဟျောင့် ပုကျိ ဘာမှပလီပလာလုပ်မနေနဲ့ ကားဟွန်းတီးသံပါဆိုမှတော့ ငါထိန်းချုပ်လို့ရမလားကွ ဦးနှောက်ရ"

"မင်း! သူများအိမ်ကိုဘာလာလုပ်တာလဲ"

"ထမင်းလာစားတာ"

"မင်းလိုသူဌေးသား မိုးကျရွှေကိုယ် ကောင်က သူများအိမ်မှာထမင်းလာစားစရာအကြောင်းမရှိဘူး ဘာလဲ ထပ်ပြီး မင်းအိမ်ကအမေနဲ့အဖေကိုစိတ်ဆိုးလာပြန်ပြီလား"

"သိရင်လည်းပြီးရောကွာ လေကုန်ခံပြီးမေးနေသေးတယ်"

"မင်းလိုကောင်ကတော့ သူများအိမ်ကို အားမနာ လျှာမကျိုး"

"ပလီပလာမပြောနဲ့ ငါဒီမှာ သုံးလေးရက်လောက်နေမယ်"

"ဂျောင်အုန်းသီး အုန်းသီးခေါင်း ယုန်နှာခေါင်း ယုန်သခေါ ပွကြီး"

"ကုန်ပြီလား ငါ့နာမည်တွေ..."

"ကျန်သေးတယ် မောလို့"

"အေး အဲ့တာဆို အမောဖြေနေ ငါကတော့ အိမ်ထဲသွားပြီ"

"သူများလင်လင်နေတဲ့အိမ်ကို သူ့အိမ်ကျနေတာပဲ!!"

ဂျောင်ကုတစ်ယောက် ဂျီမင်ပြောတာတွေကိုမကြားချင်ယောင်ဆောင်ကာ အိမ်ထဲဝင်သွားလေရဲ့။

အိမ်ထဲဝင်တော့ တွေ့လိုက်ရပြန်ပြီ နောက်တစ်ယောက်။ သူ့ကိုလေဆာအကြည့်တွေပစ်လွှတ်နေတဲ့ ဘော်ဒါကြီး ရုပ်ကလည်း သူ့လုပ်စာတစ်နိုင်ငံလုံးကထိုင်စားနေရတဲ့ရုပ်နဲ့။

Yg-မင်း လာပြန်ပြီနော် ငကု

Jk-အင်း Hyung ကိုအရမ်းလွမ်းလို့

To Love You (Completed)Where stories live. Discover now