Part 23

1.1K 53 0
                                    

ထယ်ယောင်းတို့မှာတော့ပြန်ရောက်ရောက်ချင်းပျက်ကွက်ခဲ့ရသည့်စာများကိုပြန်လည်လေ့လာနေကြရသည်။

ထယ်ယောင်းနဲ့ဂျောင်ကုရဲ့ပထမဆုံး Honeymoon ကိုပျော်နေကြတဲ့သူတစ်ချို့ရှိနေသလို သဘောမကျတဲ့သူတစ်ချို့လည်းရှိနေသည်။

ပျော်နေကျတဲ့သူတွေဟာတော့ Mr Jeon တို့လင်မယားနှင့် Mr Kim တို့ဖြစ်ပြီး Mrs Jeon ကတော့ထိပ်ဆုံးမှပျော်နေတဲ့သူပင်။ ဂျီမင်မှသူတို့နှစ်ယောက်ခရီးစဥ်တုန်းကဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေပြောပြလာတော့ သူမပါးစပ်နားရွက်တက်ချိတ်မတတ်ပင်။ နောက်ပြီးဂျီမင်မှသေချာရိုက်ထားတဲ့သူတို့နှစ်ယောက်ကမ်းခြေမှာနမ်းနေပုံလေးကိုလည်းသေသေချာချာကွက်ကွက်ကင်းကင်းမြင်နေရသည်။
Mrs Jeon ဟာစိတ်ကူးတစ်ခုလည်းရှိနေသေးသည်။ သူတို့နှစ်ယောက်နမ်းနေကြတဲ့ပုံဟာအရမ်းရိုလွန်းပြီး ချိုလွန်းတာကြောင့်သူမပုံကြီးချဲ့ပြီးဘောင်ခတ်ကာသားနဲ့သားမက်တို့အိမ်ကိုပို့ပေးထားရန်ဖြစ်သည်။

မပျော်တဲ့သူတစ်ချို့ထဲတွင်တော့ ဂျယ်ယူလည်းအနဲငယ်ပါဝင်နေပြီး ထယ်ယောင်းတို့လက်ထပ်ထားတာကိုသိနေသောလူတစ်ယောက်လည်းပါရှိနေသည်။
တစ်ခြားကျောင်းသား ကျောင်းသူ တွေမှာတော့ကျောင်းရဲ့ King, Play boy ကြီးလက်ထပ်သွားတာကိုမသိကြသေး။ Jae Yoo အပါအဝင်ပင်...

.
.
.
.
.

ထယ်ယောင်းတို့မှာတော့တတိယနှစ်ရဲ့ exam ကြီးနီးလာပြီမို့စာတွေစတင်လေ့လာကြရတော့မည်ဖြစ်သည်။

ဂျွန်ဂျောင်ကုကတော့စာ​မေးပွဲနီးကပ်လာမှသာစာကိုသေချာလုပ်သည်။

ထယ်ယောင်းလည်း Study café တွင်စာလေ့လာပြီးနောက် အချိန်ပိုင်းအလုပ်ကိုထွက်လာခဲ့သည်...

.
.
.
.
.

"မင်းဒီနေ့ကစပြီးအလုပ်လုပ်စရာမလိုတော့ဘူးနော် Oh Chan Yeong"

"Wae?? မင်းကငါ့ကိုမလုပ်နဲ့တော့ဆိုတော့မင်းကသူဌေး(ဆိုင်ပိုင်ရှင်)မို့လို့လား"

"ငါကသူဌေးမဟုတ်ပေမယ့် သူ့ကိုပြောပြီးသား ဒီနေ့ Taehyung Hyung ပြန်လာမှာမို့လို့မင်းမလုပ်ပြုတ်သွားပြီ"

To Love You (Completed)Where stories live. Discover now