မျက်လုံးနှစ်လုံးပွင့်ပွင်းချင်းမှာမြင်လိုက်ရတဲ့ရင်အုံကြီး။ ခါးကိုလည်းဖက်တွယ်ထားသေးတဲ့လက်တစ်ဆုံ။ ပြီးတော့သူ့ရဲ့ရင်ဘတ်ထဲမှာကိုယ်ကမျက်နှာအပ်ထားပြီးသူ့ခန္ဓာကိုယ်ထဲကိုမဝင်ရုံတမယ်ပူးကပ်ထားမိသည်။
စောစောစီးစီးအရှက်သည်းရပြန်ပြီ။
အနဲငယ်ရုန်းကြည့်တော့တုတ်တုတ်တောင်မလှုပ်နိုင်တာမို့ငိုချင်သွားရသည်။ အားထည့်ကာရုန်းတော့သူကလှုပ်လာသည်။ ထယ်ယောင်းလည်းအမြန်အိပ်ချင်ယောင်ဆောင်လိုက်သည်။ သူကတော့ပြန်ငြိမ်သွားသည်။
မျက်စိရှေ့မှာမြင်နေရတဲ့မျက်နှာချောချောကသူ့ကိုရင်ခုန်စေဖို့အကြောင်းပြချက်လုံလောက်ပါတယ်။ သူ့မျက်နှာလေးကိုကိုင်ကြည့်မိလိုက်သည်။ နှုတ်ခမ်းအောက်မှာရှိနေတဲ့မှဲ့လေးကနမ်းချင်လာအောင် သူ့ကိုလှုံဆော်ပေးနေသယောင်။ ပြီးတော့ပွယောင်းယောင်းရှိနေပေမယ့်သူ့ရဲ့ချောမောမှုကိုမဖျက်နိုင်တဲ့နှာခေါင်း။ ပိတ်ထားတဲ့မျက်လုံးလေးတွေကပွင့်လာတဲ့အခါကြယ်တွေလိုမျိုးတောက်ပနေပြန်သေးသည်။ သူ့မှာရှိတဲ့ကြွက်သားတွေပါထည့်ပေါင်းလိုက်ရင်ဂျွန်ဂျောင်ကုဟာလုံးဝကိုယောက်ျားဆန်တာထက်ကိုပိုပါသေးသည်။
နှုတ်ခမ်းအောက်ကမှဲ့လေးနားထိတိုးကပ်သွားမိသည်။ ထိုမှဲ့လေးကိုသူ့နှုတ်ခမ်းလေးနဲ့ထိကပ်ကာနမ်းလိုက်သည်။ ထို့နောက်တော့ ကိုယ့်ဘာသာရှက်ကာဂျောင်ကုရင်ခွင်ကျယ်ကြီးထဲကိုတစ်ဖန်ပြန်တိုးဝင်လိုက်တော့သည်။
သူ့ကိုဖက်ကာအိပ်နေတဲ့ဂျောင်ကုရဲ့နှုတ်ခမ်းတွေကလည်းနားရွက်တက်ချိတ်တော့မလို။
ခဏကြာတော့ဂျောင်ကုလည်းနိုးချင်ယောင်ဆောင်လိုက်သည်။ ထယ်ယောင်းကတော့ဂျလည်လုပ်ကာရင်ခွင်ထဲမှာပဲရှိနေသေးသည်။ ဂျောင်ကုလည်းပြုံးကာမသိချင်ယောင်ဆောင်ပြီးနဖူးလေးကိုနမ်းလိုက်သည်။
"Morning ပါ ကျွန်တော့်ရဲ့အချစ်ရဆုံးသောလူသားလေးရေ"
ထိုသို့နှုတ်ဆက်ပြီးစောင်လေးသေချာခြုံပေးကာမျက်နှာသစ်သွားတိုက်ပြီးသူ့ကောင်လေးမဟုတ်သေးတဲ့သူ့ yeobo လေးအတွက်အမူးပြေစေရန်အဒေါ်ကြီးကိုသွားမှာပြီးသူပါကူပြင်ပေးနေလိုက်တော့သည်။
YOU ARE READING
To Love You (Completed)