Chapter 4

85 13 1
                                    

အရွယ်ရောက်ပြီးသူတွေရဲ့ ဆက်ဆံရေးက အလွန်ပင် လွယ်ကူသည်။ ငယ်ငယ်တုန်းကလို ရှက်တက်တက်နှင့် နှေးတုံ့နှေးကွေး ဖြစ်မနေတော့ပေ။ ထမင်းတစ်နပ်လောက်အတူ‌စား အရက်တစ်ခေါက်လောက် အတူထွက်သောက်လိုက်ရင် ရင်းနှီးသွားကြလေပြီ။

ရှယွမ်နဲ့ ထန်နင်က အမှန်တကယ်ကို တိုက်တိုက်ဆိုင်ဆိုင်ဆုံသွားတာဖြစ်သည်။ ထန်နင်က တစ်ယောက်တည်း တစ်နေရာမှာ ထိုင်ပြီး အရက်သောက်နေတုန်း ရှယွမ်က မြင်သွားသည်။ တကယ်တော့ သူတို့နှစ်ယောက်က အတော်ရင်းနှီးလေသည်။ ကျောင်းတက်နေတုန်းက ဆက်ဆံရေး အတော်လေး မဆိုးဘဲ ကျောင်းပြီးသွားကြတော့မှ အဆက်အသွယ်ပြတ်သွားတော့သည်။ ရှယွမ်က သူ့အပေါ် အဲ့ဒီလို အတွေးတွေနဲ့ အမှတ်ရမှုတွေ ရှိခဲ့ဖူးသည်ဆိုတာကို ထန်နင်က လုံးဝ မသိပေ။ အဲ့ဒီတုန်းက ဒီတစ်ယောက်က ကိုယ့်အပေါ် အတော် ဂရုတစိုက်ရှိသည့် စီနီယာတစ်ယောက်ဟုသာ သိခဲ့သည်။

ရှယွမ်ကလည်း အဲ့ဒီအချိန်တုန်းက စိတ်ခံစားချက်‌တွေကို ထပ်မံ ထုတ်ဖော်လာမှာ မဟုတ်ပေ။ ကိုယ်နှင့် အရက်ကလေးအတူသောက်ပြီး စကားစမြည်ပြောနေကြတာ အကုန်‌အဆင်‌ပြေနေပြီ။ ကာယကံရှင်အား အမြဲတမ်း အမှန်အတိုင်း အသိပေးနေစရာ မလိုပေ။ ထိုသို့သာလုပ်ခဲ့မယ်ဆိုရင်လည်း ဒါက သိပ်ကို တုံးအရာ ရောက်ပေသည်။

ထောင်ရှောင်တုန်းကလွဲလျှင် ကျန်သုံးယောက်လုံးက ဆေးတက္ကသိုလ်ကတွေ ဖြစ်တော့ ပြောစရာစကားကလည်း မရှားလှပေ။ ထောင်ရှောင်တုန်းက ဆရာ‌၀န်တွေအပေါ်မှာ အမြဲတမ်း အလေးထားပြီး ဒီအသက်မွေး၀မ်းကျောင်းကိုလည်း လေးစားသည်။ ထန်နင်ကလည်း မျက်စိစပါးမွှေးစူးစရာမျိုး မဟုတ်တော့ သူတို့နှစ်ယောက် ပေါင်းသင်းဖို့ကလည်း မခက်ပေ။ စကားပြောရတာ အဆင်ချောလေသည်။

ထောင်ရှောင်တုန်းက ဘယ်သူနဲ့မဆို ပြောဆိုဆက်ဆံတဲ့အခါ တစ်ဖက်လူကို အမြဲ သက်တောင့်သက်သာဖြစ်တယ်လို့ ခံစားရစေသည်။ ရင်းနှီးလွယ်ပြီးတော့ ခက်ခက်ခဲခဲ လုပ်ယူစရာမလိုပေ။ အရမ်းကို သဘာ၀ကျကျပင်။ သူက အစကတည်းက အဲ့လိုမျိုးပင်။ ငယ်ငယ်ကလည်း အဲ့လိုမျိုးပင်။ ထျန်းရိက သူ့ကို တစ်ခါကပြောဖူးသည်။ သူက ရိုးသားစစ်မှန်ပြီး စိတ်ထဲမှာ ကျင့်၀တ်တွေလည်း များသေးသည်။ ပုံမှန်ဆိုရင် ဒီနှစ်ချက်က လူတစ်ယောက်ဆီမှာ တစ်ပြိုင်နက်တည်း မတွေ့ရတတ်ပေ။ အကယ်လို့ ဒီလိုအချက်တွေက လူတစ်ယောက်တည်းမှာတင် တစ်ပြိုင်နက် လူတစ်ယောက်တည်းမှာတင် ပေါ်ထွက်နေမယ်ဆိုလျှင်တော့ သေချာသည်။ ထိုလူဟာ တကယ့်ကို ညှို့ဓာတ်ပြင်းပြီး အတော်ဆွဲဆောင်မှု ရှိလိမ့်မည်။

燎原 (Myanmar Translation)Where stories live. Discover now