Chapter 12

50 9 0
                                    

"ငါဖြင့် ဒီမှာ ပင်ပန်းလို့သေတော့မယ်။ ဘာကိစ္စ မင်းနဲ့ထမင်းအတူလာစားနေရမှာလဲ။" ထောင်ရှောင်တုန်းသည် ဖုန်းထဲက ရှယွမ်ကိုပြောလိုက်သည်။ "ကိုယ့်ဘာသာ တစ်ယောက်တည်းစားချည်။"

"ငါက မင်းကိုလွမ်းနေလို့လေကွာ။" ရှယွမ်သည် တဟဲဟဲရယ်နေသည်။ "မင်းပြန်ရောက်နေပြီလား။"

"ရောက်ပြီ။ နောက်နေ့မှ ဆက်ပြောကြတာပေါ့။" ဤကဲ့သို့ ခရီးဝေးသွားပြီး ပြန်ရောက်သည့်အကြိမ်တိုင်း ထောင်ရှောင်တုန်း သတိရသည့် ပထမဦးဆုံးသူသည်ကား သူ၏ညီပင်။ ပြန်ရောက်သည်နှင့် အမြဲလိုလို အိမ်ကိုသာ တန်းပြန်လေ့ရှိသည်။

ရှယွမ်က "ကောင်းပြီ။ နောက်နေ့မှ အရက်သွားသောက်ကြတာပေါ့။" ဟု ပြောသည်။

မူလက တဟွမ်သည် ထောင်ရှောင်တုန်းကို ကြိုပြီးနောက် ကလေးနှစ်ယောက်ကိုပါ တစ်ပါတည်းဝင်ကြိုကာ အိမ်အတူပြန်ပို့ပေးရန်ဖြစ်၏။ သို့သော် အိမ်တွင်ထမင်းချက်ပြီးပြီဖြစ်ကြောင်း ထောင်ကျွမ်နန်က လှမ်းပြောလာရာ ထောင်ရှောင်တုန်းသည် အိမ်ကိုသာ တန်းပြန်လိုက်တော့သည်။

အိမ်ပြန်ရောက်၍ တံခါးဖွင့်ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ထောင်ကျွမ်နန်သည် တံခါးဝရှိ ခွေးခြေကလေးပေါ်‌တွင် ထိုင်စောင့်နေလေသည်။ နားတွင် နားကြပ်တပ်ဆင်ထား၏။

ထောင်ရှောင်တုန်း အထဲသို့ဝင်လာသည်နှင့်တစ်ပြိုင်နက် ထောင်ကျွမ်နန်သည် နားကြပ်ကိုဆွဲဖြုတ်လိုက်ပြီး "ကော" ဟု ဝမ်းသာအားရ အော်ခေါ်လိုက်သည်။

"ဒီမှာ ထိုင်ပြီး ဘာလုပ်နေတာတုန်း။" ထောင်ရှောင်တုန်းသည် သူ၏ခေါင်းကို ဖိလျက်ဆိုလိုက်သည်။

"ကောကို စောင့်နေတာလေ။" ထောင်ကျွမ်နန်က သူ့ကို  ပြုံးပြလာပြီး မတ်တပ်ထလိုက်သည်။ "ခူကောက သားကိုဂရုမစိုက်တော့ဘူး။"

"ဘာသွားလုပ်ထားပြန်ပြီလဲ။" ထောင်ရှောင်တုန်းက ဖိနပ်လဲပြီးနောက် အထဲသို့ဝင်လာခဲ့သည်။ "သူ့ကိုစိတ်ဆိုးအောင် လုပ်လိုက်ပြန်ပြီမလား။"

ထောင်‌ကျွမ်နန်က အနောက်ကနေ ပြောရှာသည်။ "သားတကယ်မလုပ်ပါဘူးနော်။"

燎原 (Myanmar Translation)Where stories live. Discover now