Chapter 18

29 8 0
                                    

ဤသို့သောအခြေအနေပင်ရောက်နေမှတော့ မည်သူကမျှ တွက်ကပ်မနေတော့ပေ။ ထန်ဆော်ယန်သောက်ပြီး‌လက်ကျန်ကို ထောင်ရှောင်တုန်းက အပြတ်ဖြတ်လိုက်သည်။ ထို့နောက် ရေဘူးကိုဘေးနားထားထားလိုက်သည်။

ယခုကဲ့သို့ ဘာမှလုပ်စရာမရှိဘဲ ထိုင်စောင့်နေရသဖြင့် အချိန်စီးဆင်းမှုက ပိုမိုနှေးကွေးသွားသယောင်ပင်။ ရာသီဥတုကလည်းပူ၊ စိတ်ကလည်းပူရသည်ဖြစ်ရာ ထောင်ရှောင်တုန်းသည် စကားစမြည်စပြောတော့သည်။ "အရင်ကဒီလိုအတွေ့အကြုံ မရှိဖူးလောက်ရောပေါ့။"

ထန်ဆော်ယန်က ပြန်ပြောသည်။ "ဘယ်လိုမျိုးလဲ။ လမ်းခရီးမှာ အခက်တွေ့တာမျိုးလား။"

ထောင်ရှောင်တုန်းက ဟုတ်ကြောင်းပြန်ဖြေလိုက်သည်။

‌ထန်ဆော်ယန်က သူကြုံဖူးကြောင်း ပြန်ဖြေသည်။

ထောင်ရှောင်တုန်းတစ်ယောက် လှည့်ကြည့်မိလိုက်သော်လည်း ထန်ဆော်ယန်ကမူ သူ့ဘက်မကြည့်ဘဲ အရှေ့ဘက်ရှိတောင်ကိုသာကြည့်လျက် ကားအက်စီးဒန့်ဖြစ်တာမျိုးနှင့် ကြုံဖူးကြောင်းဆိုသည်။

ထောင်ရှောင်တုန်း အတန်ငယ်အံအားသင့်သွားပြီး အလိုအလျောက်မေးမိသွားသည်။ "အမ် ဘယ်လိုဖြစ်"

ထန်ဆော်ယန်က ပြန်ပြောင်းပြောပြသည်။ "အဲ့ဒီတုန်းကလည်း အခုလိုတောင်ကြားလမ်းမှာပဲ။ ပြီးတော့ လူနာတင်ယာဉ်လာမှာ စောင့်ရင်းနဲ့ လမ်းဘေးမှာထိုင်နေခဲ့ကြရတာလည်း အခုလိုပဲ။ ဒါမဲ့ အဲ့နေ့က အခုလိုတော့ ကျစ်ကျစ်တောက်ပူမနေဘူး။"

ထောင်ရှောင်တုန်း အနည်းငယ် ထိတ်လန့်သွားသည်။ "အရမ်းအခြေအနေဆိုးတာလား။"

ထန်ဆော်ယန်က ခေါင်းခါပြပြီး တည်ငြိမ်စွာ ဆိုသည်။ "မပြင်းထန်ပါဘူး။ ကြည့်လေ အခု ကိုယ်ဒီမှာထိုင်ပြီး‌ လာခေါ်တာစောင့်‌နိုင်သေးတာပဲ။ ဘယ်လောက်ထိ ဆိုးဝါးမှာမို့လို့လဲ။"

"အဲ့တုန်းက တစ်ယောက်တည်းလား။ ဒါမှမဟုတ် တစ်ခြားသူတွေရောပါသေးတာလား။"

ထန်ဆော်ယန်က အခြားသူလည်းပါကြောင်း ပြန်ဖြေ၏။

ထောင်ရှောင်တုန်းက အခြားသူကရော အဆင်ပြေမပြေမေးကြည့်လိုက်သည်။ ထိုသူလည်း ဘာမျှကြီးကြီးမားမားမထိခိုက်မိဘဲ ခေါင်းကိုအနည်းငယ်တိုက်မိသွားရုံသာဖြစ်ကြောင်းဆိုသည်။

燎原 (Myanmar Translation)Where stories live. Discover now