Chapter 14

76 10 1
                                    

နောက်တစ်နေ့သည် စနေ၊တနင်္ဂ‌နွေဖြစ်သည့်အတွက် သူတို့အနေဖြင့် အလုပ်သွားရန်မလိုအပ်ပေ။ ထို့ကြောင့်ပင်လျှင်လည်း ထန်နင်သည် စိတ်လွတ်ကိုယ်လွတ် သောက်လာခြင်းဖြစ်၏။ တစ်ယောက်တစ်ခန်းစီဖြင့် တံခါးကိုယ်စီပိတ်လျက်...။ ‌ထန်ဆော်ယန်ထသည့်အချိန်၌ ထန်နင်မထသေးပေ။

ဝရံတာ‌သည် လေ့ကျင့်ခန်းပြုရာနေရာလေးသဖွယ်ဖြစ်နေ၏။ လေ့ကျင့်ခန်းအထောက်အကူပြုပစ္စည်းကိရိယာအစုံရှိ၏။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ယနေ့ခေတ် ဆရာဝန်များအဖို့ ခန္ဓာကိုယ်ထိန်းသိမ်းခြင်းသာမက ကိုယ်တိုင်၏ကျန်းမာရေးအတွက်လည်း အလွန်အရေးပါလှပေ၏။ ‌ထန်ဆော်ယန်တစ်ယောက် လေ့ကျင့်ခန်းလုပ်ပြီးသည့်အချိန်သည် နေ့လယ်နီးပါးပင်ရှိပြီဖြစ်သော်လည်း ထန်နင်ကထွက်မလာသေးပေ။

ထောင်ရှောင်တုန်းက ‌နေရာတစ်ခု၏လိပ်စာကို ပေးပို့လာသည်။ ဆက်လက်၍ အသံဖိုင်ပို့လာ၏။ "ဒေါက်တာထန် ကျွန်တော်လမ်းကြုံတယ်။ ကျွန်တော် ခင်ဗျားကို ဝင်ခေါ်လိုက်ရင်ရော။ ခင်ဗျားကားမယူခဲ့နဲ့တော့လေ။"

"ကောင်းပြီလေ။ အဲ့တာဆို ခင်ဗျားရောက်ရင် တစ်ချက်ပြောလှည့်။"

ထန်ဆော်ယန် အပြင်မထွက်မီ ထန်နင်အတွက်ပြင်ဆင်သိမ်းဆည်းထားသည့် ထိုသေတ္တာကို တံခါးအနီးတွင် ထားထားလိုက်ပြီး စာ‌တစ်စောင် ကပ်ပေးထားလိုက်သည်။ ထန်ဆော်ယန်၏ လက်ရေးသည် အမြဲတစေပြတ်သားလှပြီး အားမာန်တစ်မျိုးကိန်းဝပ်နေလေ့ရှိသည်။ ထန်နင်သည်လည်း သူ့အား လက်ရေးလက်သားအလွန်ကောင်းမွန်ကြောင်းကို တစ်ကြိမ်မက ချီးမွမ်းပြောဆိုဖူးသည်။ ထန်ဆော်ယန်သည် သူ့လက်ရေးဖြင့် ထန်နင်အတွက် အကြောင်းအရာများစွာ ရေးသားပေးခဲ့ဖူးသည်။ ဤလက်ရေးဖြင့်ပင် စာလိုက်မှတ်ကူပေးခဲ့ဖူးသည်။

ဤယနေ့တွင်မူ ‌ထန်ဆော်ယန်က ‌ထန်နင်အတွက်ရေးထားသည့် စာကြောင်းရိုးရိုးလေးနှစ်ကြောင်းသာ တည်ရှိနေလေ၏။

ဒီ‌ကနေ့ထိတိုင် ဆန္ဒအတိုင်းမဖြစ်စေခဲ့မိတဲ့ အရာရာအတွက် ဝမ်းနည်းမိပါတယ်။
သစ်လွင်တဲ့ဘဝမှာ ပျော်ရွှင်နိုင်ပါစေ။

燎原 (Myanmar Translation)Where stories live. Discover now