Chapter 3

70 12 0
                                    

ထန်ဆော်ယန်က အိမ်ကလူကြီးနှစ်ယောက်ကို သူရဲ့ကိစ္စတွေကြောင့် လိုက်ပါ ပူပန်စိုးရိမ်နေရတာမျိုး မလိုလားပေ။ သူက ဒီအသက်အရွယ်တောင် ရောက်နေပြီဖြစ်သဖြင့် ယခုလိုမျိုးကြီးက သိပ်ကြီး ပုံမှန်မဟုတ်တော့ပေ။ သူနှင့် ထန်နင်က လမ်းခွဲလိုက်ပြီလား ဆိုရင်လည်း တကယ်မခွဲရသေးပေ။ သို့သော် အခုအခြေအနေက ကောင်းကောင်းမွန်မွန် အတူနေနေတာတော့ မဟုတ်တာ အမှန်ပင်။

ထန်နင်က ဒီနေ့ညလည်း ပြန်မလာပေ။ ထန်ဆော်ယန်က သူနဲ့ ကောင်းကောင်းမွန်မွန် ဆွေး‌နွေးချင်နေပေမဲ့ ထန်နင်ကတော့ မဆွေးနွေးလိုတာ သိသာနေသည်။

ထန်နင်က နှလုံးဌာန(心外科)မှ ပါရမီရှင် ဆရာ၀န်တစ်ဦးဖြစ်သည်။ ထန်ဆော်ယန်က ကိုယ့်နိုင်ငံဆီပြန်လာခြင်းကြောင့် အတူ လိုက်ပြန်လာခြင်းဖြစ်သည်။ သူတို့နှစ်ယောက် အတူရှိကြသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။

ထန်ဆော်ယန်က ထန်နင်ကို လိုက်ချစ်ရေးဆိုတုန်းက ငယ်ရွယ်သေးပြီး ရှစ်နှစ်တာ တက်ရသည့် ဆေးကျောင်း(医学院)လည်း မပြီးသေးပေ။ ထန်နင်က သူ့ထက်တစ်နှစ်ငယ်ပြီး မာနကြီးသော ဂျူနီယာလေးဖြစ်သည်။ အသားဖြူဖြူနှင့် ချောမောကြည့်ကောင်းပြီး မျက်စိကျိန်းလောက်သူဖြစ်သည်။ သို့သော် ဘယ်လောက်ပဲ မျက်စိကျိန်းလောက်စေကာမူ ထန်ဆော်ယန်ကိုတော့ မသာသေးပေ။ သူက တကယ့်ကို ထူးချွန်တဲ့ အကျော်ဇေယ ကျောင်းသားကိုး။ ပါမောက္ခ ချန်ရဲ့ လက်ရင်းတပည့်ဖြစ်ကာ ပါမောက္ခက သူ့ကို အလွန်အလေးထားသည်။ ဆေးရုံရဲ့ ခွဲစိတ်မှုတွေမှာလည်း သူ့ကိုပါ၀င်ခွင့်ပေးသလို သုတေသနပရောဂျက်‌တွေမှာလည်း သူ့အတွက် နေရာတစ်ခုပေးထားသည်။

ထန်နင်ရဲ့ ‌ပလွှားမှုတွေက ထန်ဆော်ယန်နဲ့တွေ့တော့ နောက်ဆုတ်ပေးလိုက်ရသည်။ သူ့ကို ထန်ဆော်ယန် အကြာကြီး မလိုက်လိုက်ရပေ။ နှစ်လလောက်ကြာတဲ့နောက်မှာ ခေါင်းငြိမ့်လက်ခံလိုက်တော့သည်။ ထိုခေတ်အခါကာလက လိင်စိတ်တိမ်းညွှတ်မှုများသည် ယခုခေတ်လောက် ပွင့်လင်းမြင်သာမှုမ‌ရှိသေးပေ။ ထူးချွန်လှသည့် လူနှစ်ယောက်  အပြန်အလှန် စိတ်၀င်စားမိကြပြီး တစ်ယောက်နှင့်တစ်ယောက် နီးစပ်သွားကြသည်။ ဒီဟာက ဘယ်လိုပဲကြည့်ကြည့် ကံကောင်းလှသည့် ကိစ္စတစ်ခုဖြစ်သည်။

燎原 (Myanmar Translation)Where stories live. Discover now