နှစ်သစ်ကူး အကြိုည။
ဤညသည် မိသားစု၀င်များ ပြန်လည်စုစုံကြသည့် ညတစ်ည။ ပြတင်းပေါက်တိုင်းမှ ၀င်ရောက်လာသည့် အလင်းရောင်သည် ပူနွေးကာ နွေးထွေးလျက်ရှိသည်။ Tao Xiao Dong အိမ်ပြန်ရောက်ပြီး တံခါးပေါက်ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် အိမ်တွင်းမှ အနွေးဓာတ်က မျက်နှာကို လာရိုက်ခတ်လေသည်။ ဆိုဖာပေါ်တွင် ကလေးနှစ်ယောက်သည် တစ်ဖက်က သစ်သီးစားရင်း တီဗွီကြည့်ကာ ထိုင်နေကြသည်။ သူပြန်လာသည်ကိုကြားသည့်အခါ နှစ်ယောက်စလုံး တံခါးပေါက်ဘက်သို့လှည့်ကြည့်လာသည်။ တစ်ယောက်က ရယ်လျက် "အစ်ကို" ဟုခေါ်လာသည်။
အဲ့သူက ကလေးလေး။ တကယ်တော့အဲ့တာက ထောင်ရှောင်တုန်း၏ အမြင်တွင်သာဖြစ်၏။ အမှန်မှာ အသက် တစ်ဆယ့်ခြောက် တစ်ဆယ့်ခုနစ်ခန့်ရှိသည့် အထက်တန်းကျောင်းသားတောင် ဖြစ်နေလေပြီ။ မကြီးသေးသော်လည်း မငယ်တော့သည့် အရွယ်ရောက်နေလေပြီ။
"အပြင်မှာ အရမ်းအေးလား?" မေးလာတဲ့ ဒီကောင်လေးက အသားအရမ်းဖြူသည်။ သိုးမွှေးည၀တ်အင်္ကျီတစ်ထည်ကို၀တ်ထားပြီး ခြေအိတ် ထူထူကြီးတစ်စုံကိုလည်းစွပ်ထားသေးသည်။ သူက ထောင်ရှောင်တုန်းရှိရာဆီကို လျှောက်လာသည်။ ထောင်ရှောင်တုန်းက သူ့ဆီကိုလက်တစ်ဖက် လှမ်းပေးလိုက်တော့ သူကလည်း လက်ဆန့်ပြီးတော့ စမ်းကြည့်လေသည်။
အရင်ဆုံး လက်ဖ၀ါးကို စမ်းကြည့်ပြီးနောက် လက်ဖမိုးကိုစမ်းကြည့်သည်။ ထို့နောက် ပြောလာလေသည်။ "အိုင်း..အေးလိုက်တာ"
ထောင်ရှောင်တုန်းလည်းလက်ကိုပြန်ရုပ်လိုက်ပြီးလက်ဖနောင့်ကို အသုံးပြု၍ သူ့ပုခုံးကို အားပြုကာဖိထားရင်း အိမ်စီးဖိနပ်လဲလိုက်သည်။ ပြီးတော့ သိပ်စိတ်ထဲမထည့်ဘဲ ပြောလိုက်သည်။ "အဆင်ပြေပါတယ် တအားကြီးအေးတယ်လို့ ပြောမရသေးဘူး"
ထိုကောင်လေးက ထောင်ရှောင်တုန်း၏လက်ကို ပြန်ကိုင်ပြီး တစ်ချက်စမ်းကြည့်လေသည်။ ထို့နောက် ဆိုဖာပါ်တွင် ထိုင်နေသည့် တစ်ခြားကောင်လေးဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ဖက်ထုပ်လုပ်စားကြရအောင်လေ"
ဆိုဖာပေါ်မှ ဗိုလ်ကေနှင့် ထိုကောင်လေးက "အင်း" ဟု တစ်ခွန်းပြန်ဖြေကာ ထပြီး မီးဖိုချောင်ဆီသို့ ၀င်သွားလေသည်။
YOU ARE READING
燎原 (Myanmar Translation)
Romanceထောင်ရှောင်တုန်းတွင် မျက်မမြင်ညီလေးတစ်ယောက်ရှိသည်။ ထန်ဆော်ယန်သည်ကား သူ့ညီလေးအနှစ်သက်ဆုံးသော ဆရာ၀န်ဖြစ်သည်။ ထောင်ရှောင်တုန်းအတွက်မူ လူတစ်ယောက်ကိုနှစ်သက်လျှင် ၎င်း၏အိမ်ခေါင်မိုးပေါ်ရှိကျီးကိုပါ ချစ်ရတော့သည့်ပမာပင်။ ခပ်လွယ်လွယ်ဖြင့် ရရှိလာသည့် မည်သည့်အ...