Chapter 6

85 14 1
                                    

ထန်နင်က အသံအက်ကွဲကွဲဖြင့် သူတကယ်လက်လွှတ်ပစ်ချင်နေပြီးဖြစ်ကြောင်း ပြောလာသည်။ သူ့အကြည့်တွေထဲမှာ စိတ်ဆင်းရဲ နာကျင်မှုတွေ၊ ရှုပ်ထွေးမှုတွေ ရှိနေ‌ေသာ်လည်း ပြောလိုက်တဲ့စကားအတွက် နောင်တရနေဟန်တော့ ရှိ‌မနေပေ။

ထန်ဆော်ယန်က သူ့ကို ကြည့်နေသည်။ တည်တည်ငြိမ်ငြိမ်ရှိနေဆဲပင်ဖြစ်ပြီး မေးခွန်းသာ ပြန်မေးလာသည်။ "ဘာလို့လဲ။ မင်းလက်မခံနိုင်တာကြောင့်ပဲလား။"

ထန်နင်က ခေါင်းခါသည်။ လက်ချောင်းလေးတွေက ကိုယ့်ဘောင်းဘီပေါ်မှာ ဖွဖွလေး ကုတ်ခြစ်နေသည်။ "ယန်ကော ငါဒီ‌လို ဘ၀ကြီးနဲ့ ရှင်သန်နေရတာ လုံလောက်ပြီ။ ငါတို့နှစ်ယောက် အတူတူရှင်သန်နေကြတဲ့ ဘ၀ကြီးက ဗလာသက်သက်ကြီး ဖြစ်နေတယ်လို့ ငါထင်တယ်"

"ဘယ်နားက ဗလာသက်သက် ဖြစ်နေတာလဲ" ထန်ဆော်ယန်က တဲ့တိုးပဲ မေးလာသည်။

ထန်နင်က သူ့ကို မကြည့်ရဲပေ။ ထို့ကြောင့် မျက်စိအောက်ဘက်နားက နေရာလေးကိုပဲ စိုက်ကြည့်နေရင်းဖြင့် ပြောလာသည်။ "အကုန်လုံးပဲ"

"ဥပမာ အနေနဲ့..."

"မင်း မထင်ဘူးလား။ ငါတို့ ဒီတစ်ခေါက် ဒီလောက်ရက်တွေအကြာကြီး ခွဲနေကြတာ။ ဒါပေမဲ့ မင်းက ငါတို့ ဘာကြောင့် ပြသနာဖြစ်ကြတယ်ဆိုတာကိုတောင် မမှတ်မိဘူး။ ပုံမှန်လူ နှစ်ယောက်ကြားက ဆက်ဆံရေးက ဒီလိုကြီး ဖြစ်နေမယ်လို့တော့ ငါမထင်ဘူး။ငါတို့ ဘ၀ကို ဖြတ်သန်းနေပုံကြီးက သိပ်ကို တုံဏှိဘာဝေ ဖြစ်လွန်းနေပြီ"

ထန်ဆော်ယန်က ဆိုဖာပေါ်မှာ မှီနေပြီး မျက်ခုံးအလယ်နားလေးကို နှိပ်နေသည်။ သူက ကိုယ့်ဖို့အတွက် ဘာမှ ခုခံချေပမလာခဲ့ပေ။

"ငါတို့ အရင်တုန်းက ဘယ်လိုမျိုး ဆက်ဆံ‌ခဲ့ကြသလဲ ဆိုတာကိုတောင် ငါအကုန် မေ့သလောက်နီးပါး ရှိနေပြီ။ အခုနဲ့ တူရဲ့လားဆိုတာကိုလည်း ငါမသိတော့ဘူး" ထန်နင်က အသက်တစ်ချက် ရှူသွင်းလိုက်ပြီး ‌ဖြည်းဖြည်းချင်း ရှူထုတ်‌နေသည်။ "ငါ မင်းကိုတောင်မှ မတွေ့မြင်ချင်တော့ဘူး။ ဖိအားတွေ များလွန်းနေသလိုပဲ။ မင်း ငါနဲ့ ဟိုလိုကိစ္စတွေ လုပ်ချင်လာမှာကို ကြောက်နေတယ်။ ငါ့မှာ ငြင်းဆိုနိုင်ဖို့ နည်းမရှိဘူး။ ဒါပေမဲ့ ငါ တကယ် အဲ့ဒီကိစ္စကို အရမ်း...အရမ်းကို မုန်းတာ။ ဒီအရာတွေ အကုန်လုံးက ငါ့ကို အရမ်း ပင်ပန်းစေတယ်။ မင်းကို တွေ့ရမှာ ကြောက်လို့ နေ့တိုင်း ရှောင်နေတိမ်းနေရတယ်"

燎原 (Myanmar Translation)Where stories live. Discover now