Chapter 27

24 8 0
                                    

ထန်ဆော်ယန်၏တစ်ခွန်းက လူကိုရပ်တန့်သွားစေ၏။ ထောင်ရှောင်တုန်းသည် တံခါးလက်ကိုင်ပေါ် လက်တင်ထားလျက် ခန္ဓာကိုယ်ကိုလှည့်ကြည့်လာသည်။ ထန်ဆော်ယန် အဘယ့်အတွက်ကြောင်း‌ရပ်ခိုင်းမှန်း သူမသိရပါချေ။

ထန်ဆော်ယန်က ဘာမျှလည်း ဆက်မပြောချေ။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ထောင်ရှောင်တုန်းသည် ပြန်လှည့်လာရာ တံခါးသည်လည်း သူ့နောက်တွင် ပိတ်ကျန်၏။ သူက ရယ်လျက် မေးလိုက်သည်။ "ဘာကျန်သေးလို့လဲ ယန်ကော။"

"တစ်နေ့တစ်နေ့ မင်းနောက်ကကျားလိုက်သလိုမျိုး ပြန်ပြန်နေတာ ဘာဖြစ်နေတာလဲ။" ထန်ဆော်ယန်က မေးလိုက်သည်။

"မဟုတ်ပါဘူး။ ဘယ်ကျားမှ မလိုက်ပါဘူး။" ထောင်ရှောင်တုန်းသည် ထန်ဆော်ယန် အဘယ်ကြောင့်ခေါ်မှန်းမသိရာ သူကထိုနေရာ၌ပင် ရပ်စောင့်နေရင်း ရယ်လျက်ပြန်မေးလိုက်သည်။ "ကျွန်တော့ကို‌ခေါ်ထားတာ ဘာလို့တုန်း။"

ထန်ဆော်ယန်က ပြန်ဖြေသည်။ "ဘာမှမဟုတ်ဘူး။"

နှစ်ဦးသား အကြည့်ချင်းဆုံမိလိုက်ကြသည်။ မိုးတိုးမတ်တပ်နှင့်တစ်ယောက်က နားဝေတိမ်တောင်ဖြင့် ရယ်ချင့်စဖွယ်၊ ထိုင်နေသည့်တစ်ယောက်ကမူ တည်ငြိမ်သောမျက်နှာထားဖြင့်။

"မဟုတ်သေးပါဘူး ဘာဖြစ်လို့လဲလို့။" ထောင်ရှောင်တုန်းသည်ကား နံရံအနီးတွင် ဖြောင့်ဖြောင့်မတ်မတ် ရပ်လျက်။

"ဒီတိုင်းကြည့်ချင်လို့လေ။" ထန်ဆော်ယန်သည် တစ်လျှောက်လုံး အကြည့်လွဲသွားခြင်းမရှိဘဲ ထောင်ရှောင်တုန်းကိုယ်ကိုသာ တစိုက်မတ်မတ်ကြည့်နေခဲ့သည်။ သူပြောလိုက်သည့်အခါ လေသံအဖျားလေးက မြင့်တက်သွားသည်။ "ဘာလဲ။ ကိုယ်ကြည့်လို့မရဘူးလား။"

"ဘုရားတရား" ထောင်ရှောင်တုန်းတစ်ယောက် မနေနိုင်ဘဲ တစ်ဖက်လှည့်ကာရေရွတ်မိသွားသည်။ ထိုသို့ရေရွတ်ပြီးမှသာလျှင် ခေါင်းပြန်လှည့်လာကာ ကောင်းကောင်းမွန်မွန်ပြန်ဖြေ၏။ "ကြည့်လို့ရပါတယ်။ ကြည့်ပါ၊ ကြည့်ပါ။ ခင်ဗျားကြိုက်သလောက်သာကြည့်။"

ထောင်ရှောင်တုန်းက အကြည့်ခံရသည်ကို စိုးရွံ့မနေပေ။ ယခင်က အတွင်းဘောင်းဘီတိုလေးကိုသာဝတ်ထားစဉ်ကပင် အကြည့်ခံခဲ့ဖူးပြီးဖြစ်ရာ၊ ယခုကဲ့သို့ အပြည့်အစုံဝတ်ဆင်ထားချိန်၌ အကြည့်ခံရခြင်းအတွက် မည်သည်ကို ကြောက်ရပါအံ့နည်း။ တစ်ခုတည်းသော သည်းမခံနိုင်စရာအချက်သည်ကား ထန်ဆော်ယန်၏ အကြည့်များပင်။ ဖုံးကွယ်ထားခြင်းလည်း တစ်စက်မျှမရှိဘဲ ဤမျှပေါ်တင်ကြီးစိုက်ကြည့်နေသည်ဖြစ်ရာ ထောင်ရှောင်တုန်းတစ်ယောက် မည်မျှပင် အရေထူသည်ဟုဆိုစေကာမူ၊ ရှိုးတိုးရှန့်တန့်ဖြစ်လာရသည်ပင်။

燎原 (Myanmar Translation)Where stories live. Discover now