Chapter 23

43 9 2
                                    

ထောင်ရှောင်တုန်း သည်တစ်ခေါက် ခရီးထွက်သွားသည်မှာ တစ်လကျော်ပင်ကြာ၏။ သူပြန်ရောက်သည့်အခါ ရာသီဥတုပင် အေးစပြုနေပြီဖြစ်၏။

ထောင်ရှောင်တုန်းကို ချုပ်ချယ်မရဘဲ သူသွားချင်သည်ဆိုပါက ခြေကြွကာ သွားလိုက်တော့တာပင်ဟု ဆိုင်ရှိဝန်ထမ်းအတော်များများက ဆိုကြသည်။ ဟွမ်ရိတာကမူ တဟားဟားရယ်လျက် သူ့သဘောအတိုင်းပင် ဟုထောက်ခံနေလေသည်။

ပြန်ရောက်လာပြီးနောက်တွင်တော့ အလုပ်ကို တည်တည်ငြိမ်ငြိမ်ဖြင့် လုပ်တော့၏။ နံနက်ရှစ်နာရီဆိုလျှင် အချိန်မှန်ရောက်လာမည်ဖြစ်ပြီး ညဘက်ဆိုလျှင်လည်း မိုးစုန်းစုန်းချုပ်မှသာလျှင် အိမ်ပြန်တော့၏။ တစ်ခါတရံတွင်ဆိုလျှင် အချိန်ပိုပင်ဆင်းလိုက်သေးသည်။

အလေလိုက်နေတတ်သည့် သူဌေးပုံစံမှသည် စံပြအလုပ်သမားကောင်းတစ်ယောက်ပုံစံသို့ နေ့ချင်းညချင်း ပြောင်းလဲသွားသည်မှာ နတ်ရေကန်ထဲဝင်စိမ်လိုက်သည့်အလားပင်။

ယခင်တစ်ခေါက် ဆေးကုသရေးပရိုဂရမ်တုန်းက ကတိပေးခဲ့သည့် သူနာပြုမလေးသည် သူ့ကောင်လေးနှင့်အတူ စက်တင်ဘာလကုန်ခါနီးတွင် ဆိုင်သို့ရောက်လာခဲ့သည်။

သူနာပြုဝတ်စုံမဝတ်ထားသဖြင့် ထောင်ရှောင်တုန်းသည် သူ့ကို ရုတ်တရက်မမှတ်မိလိုက်ပေ။ သူ(မ) က ထောင်ရှောင်တုန်း ရှေ့တည့်တည့်တွင်ရပ်ရင်း အားပါးတရခေါ်လိုက်သည်။ "ဘော့စ်ထောင်!"

ထိုအခါမှသာလျှင် ထောင်ရှောင်တုန်းလည်း မှတ်မိသွားပြီး နှုတ်ဆက်လိုက်သည်။

သူနာပြုမလေး၏ ကောင်လေးဝတ်ဆင်ထားသည်မှာ ကျောင်းသားတစ်ယောက်အလားပင်။ သူက အမှန်တကယ်ကိုပင် ထောင်ရှောင်တုန်း၏ အမာခံဖန်ဖြစ်ပုံရသည်။ ထောင်ရှောင်တုန်းကိုတွေ့ရသည့်အတွက် လွန်စွာ စိတ်လှုပ်ရှားနေခဲ့သည်။

ထောင်ရှောင်တုန်းက မေးလိုက်သည်။ "ဒီနေ့က မင်းမွေးနေ့ပေါ့။"

"မနက်ဖြန်မှ" ထောင်ရှောင်တုန်းက စကားသုံးလေးခွန်းလောက် ဆက်ပြောသည်။ သို့သော် စကားလမ်းကြောင်းက ဘယ်ကိုပဲရောက်ရောက် နောက်ဆုံးတွင် ထိုကောင်လေး၏ "အားး နတ်ဘုရားတုန်း အစ်ကိုက အရမ်းမိုက်တာပဲ။" ဟူသည့် ဖွင့်ဟချီးကျူးချက်ထံသာ တစ်ကျော့ပြန်လည်လာမြဲပင်။

燎原 (Myanmar Translation)Where stories live. Discover now