3

6.6K 351 5
                                        

ချစ်ရိပ်ညနေအပြင်ထွက်ကာဖုန်းအသစ်ဝယ်ချင်ပါသော်လည်းသည်းထန်စွာရွာသွန်းနေတဲ့မိုးကြောင့်အိမ်မှာသာထိုင်နေရသည်။မီးမလာတာကြောင့်TVပါကြည့်မရ​တာမို့ဆိုဖာပေါ်တွင်ဟိုဘက်ဒီဘက်လှည့်နှင့်အလုပ်ရှုပ်နေတော့သည်။

'ဒီတိုင်းမိုးရွာထဲပဲထွက်ပြီးသွားဝယ်လိုက်ရမလား..ငါစောက်ရမ်းပျင်းနေပြီလို့'

'ဒေါက်..ဒေါက်ဒေါက်'

သူစိတ်ညစ်နေတုန်းတံခါးခေါက်သံကကျယ်လောင်စွာထွက်လာတာကြောင့်ချစ်ရိပ်ထထိုင်မိသွားတော့သည်။တံခါးခေါက်သူမှာလွန်စွာစိတ်မရှည်ဖြစ်နေဟန်ပင်။

'ဒီအချိန်ကြီးဘယ်သူလဲဟ'

ချစ်ရိပ်တံခါးဆွဲဖွင့်လိုက်သည်နှင့်ဒေါသထွက်နေဟန်ဖြင့်မျက်မှောင်ကျုံ့ထားတဲ့ဟန်းမင်းသူကိုတွေ့လိုက်ရတာကြောင့်တံခါးအတင်းတွန်းပိတ်ဖို့လုပ်တော့ဟန်မင်းသူကလက်ခံလိုက်ကာအတင်းတိုးဝင်လာတာကြောင့်နှစ်ယောက်လုံးအခန်းထဲရောက်သွားတော့သည်။

"ချစ်ရိပ်..မင်းငါ့ကိုများတံခါးပိတ်ရဲတယ်!"

"ဒါငါ့အိမ်ကွငါ့အိမ်ကိုငါခွင့်ပြုတဲ့ကောင်ပဲဝင်ရမှာ"

"ငါကမင့်ရဲ့ချစ်သူဆိုတာမေ့သွားတာလားချစ်ရိပ်"

ချစ်ရိပ်လှောင်ပြုံး,ပြုံးလိုက်ကာ

"ငါတို့ကချစ်သူတွေမဟုတ်တော့ဘူးဆိုတာမင်းမေ့သွားတာလားဟန်မင်းသူ!"

မျက်နှာပျက်ယွင်းသွားသောဟန်မင်းသူကိုကြည့်ရင်းချစ်ရိပ်အနိုင်ရလိုက်သလိုခံစားလာရသည်။

"ငါမှလက်မထပ်ရသေးတာချစ်ရိပ်ရယ်စေ့စပ်ထားရုံပဲရှိသေးတာကိုအဲ့တော့ငါတို့မပြတ်သေးဘူးလို့ပြောလို့ရတာပဲမင်းငါ့ကိုအဲ့လောက်ခါးခါးသီးသီးကြီးဖြစ်မနေပါနဲ့"

ချစ်ရိပ်ရဲ့ခေါင်းကြောမာမှုကိုဟန်မင်းသူအသိဆုံးပင်။သူတင်းရင်ချစ်ရိပ်ကပိုတင်းလာမှာမို့သူကပဲမျက်နှာကြောလျှော့လိုက်ကာချစ်ရိပ်ကိုဖက်ဖို့လုပ်လိုက်တော့ချစ်ရိပ်ကရှောင်ထွက်သွားသည်။

"မင်းမှာအရှက်ရှိသေးရင်ခုချက်ချင်းထွက်သွားလိုက်ဟန်မင်းသူငါထပ်မပြောချင်ဘူးငါကပိုင်ရှင်ရှိတဲ့လူကိုဘယ်တော့မှပတ်သက်မှာမဟုတ်ဘူး!"

ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)Where stories live. Discover now