30

4.2K 250 6
                                    

ဟန်မင်းသူနှင့်ပျိုတိုင်းကြိုက်ချစ်ရိပ်ရဲ့တိုက်ခန်းအဟောင်းလေးဆီအပြေးအလွှားရောက်လာကြတော့တံခါးLockချထားတာ​ပြီးနှစ်ယောက်သားသိသမျှpasswordsတွေရိုက်ထည့်ကြပေမယ့်ပွင့်မလာတာကြောင့်နှစ်ယောက်သားတံခါးကိုကန်ဖွင့်လိုက်ကြသည်။

နှစ်ယောက်အားဖြစ်တာကတစ်ကြောင်းတံခါးကအိုဟောင်းနေတာကတစ်ကြောင့်,​နှင့်တံခါးမှာအလွယ်တကူကျိုးပဲ့ပျက်စီးသွားတော့သည်။

လူရမ်းကားတွေကြောင့်တံခါးပျက်စီးမှစိုးရိမ်ပြီးအလျှင်ပြေးလာတဲ့ချစ်ရိပ်မှာလုံးဝပျက်စီးသွားတဲ့တံခါးကိုကြည့်ပြီးကြောင်အနေမိတော့သည်။

"လူရမ်းကားကောင်တွေငါ့အိမ်ကထွက်သွားကြစမ်း!"

ဒေါသပြေလျှော့စေရန်ဆိုဖာပေါ်ထိုင်ပြီးသံပရာရေထိုင်သောက်နေတဲ့ချစ်ရိပ်ကိုဟန်မင်းသူနှင့်ပျိုတိုင်းကြိုက်ကတစ်ဖက်စီနေရာယူကာချော့မော့နေကြသည်။

"ဘာလဲခုနကတော့ငါ့အကြောင်းမကြားမိပါဘူးမိဘစကားနားထောင်မယ့်ကောင်နဲ့မိန်းမယူပြီးကလေးမွေးမယ့်ကောင်နဲ့ငါကဘယ်နေရာမှဘောင်ဝင်မနေဘူး!"

ပျိုတိုင်းကြိုက်မှာခုမှပြေလည်မှုရကာစကိုပြန်လည်ပြီးပြသနာတက်ရတာကြောင့်စိတ်ဓါတ်များပင်ကျချင်လာသည်။

"ချစ်ရိပ်မောင်အချိန်အကြာကြီးဘာမှမစားခဲ့ရဘူးရေတောင်မသောက်ရဘူးရေလဲမချိုးရဘူးဘာဆိုဘာမှမလုပ်ပဲကုတင်ပေါ်မှာအိပ်ပြီးတစ်ချိန်လုံးချစ်ရိပ်လေးနာမည်ကိုပဲအော်ဟစ်နေခဲ့တာ..အဲ့တာမှမောင့်ကိုရူးနေတယ်ဆိုပြီးချစ်ရိပ်လေးနဲ့ပေးတွေ့ကြမှာလေဒါတောင်မှမောင့်အချစ်ကိုသက်သေပြဖို့မလုံးလောက်သေးဘူးဆိုရင်ဒီတိုက်ခန်းပေါ်ကနေမောင်ချက်ချင်းခုန်ချပြလိုက်မယ်အဲ့လိုဆိုချစ်ရိပ်လေးမောင့်အချစ်ကိုယုံမယ်မလားဟင်"

ငိုသံလေးအနည်းငယ်ပါဝင်နေတဲ့ပျိုတိုင်းကြိုက်ရဲ့အသံလေးကြောင့်ချစ်ရိပ်ရဲ့စိတ်တွေနူးညံ့ပျော့ပြောင်းလာခဲ့တော့သည်။သူ့ရဲ့ဘယ်ဘက်ပေါင်ပေါ်ခေါင်းအုံးထားတဲ့ပျိုတိုင်းကြိုက်ရဲ့ခေါင်းကိုလက်ဖဝါးလေးနှင့်ဖွဖွလေးပွတ်သတ်ပေးနေလိုက်သည်။သူ့မှာဒီကလေးကိုအများကြီးပြောစရာရှိပေမယ့်ဘယ်ကစပြောရမှန်းမသိတော့။ဒီကလေးကသူ့အပေါ်အများကြီးပေးဆပ်ခဲ့ရတာ။

ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)Where stories live. Discover now