ဆေးရုံကုတင်ပေါ်တွင်ပျိုတိုင်းကြိုက်တစ်ယောက်လက်သည်းကိုကိုက်ကာမျက်လုံးတွေကလည်းဂနာမငြိမ်ဖြစ်နေသည်။ဆေးရုံခန်းထဲသူ့မိခင်ဝင်လာသည်ကိုမြင်သည်နှင့်အပြေးအလွှားပြေးသွားလိုက်ကာ
"မေမေသားတောင်းပန်ပါတယ်သားကိုဆေးပေးပါနော်မေမေနော်သားပိုက်ဆံပြန်ပေးပါ့မယ်မေမေရယ်"
"ပျိုးတိုင်းကြိုက်မင်းစိတ်ကိုထိန်းစမ်းငါ့သားကဘယ်လိုလုပ်ဒီလိုဖြစ်နေရတာလဲ!"
ဒေါ်မေသီရဲ့အော်သံကျယ်ကြီးကြောင့်ပျိုတိုင်းကြိုက်သတိဝင်လာပြီးစိတ်ထိန်ကားကုတင်ပေါ်ပြန်တက်လိုက်သည်။သူကဂုဏ်သိက္ခါရှိပြီးမြင့်မြတ်သည့်လူတစ်ယောက်ဖြစ်သည်။ဆေးစွဲပြီးကျရှုံးနေသည့်လူမဟုတ်ပေ။ဒီအတွေးတွေကသူ့ကိုတည်ငြိမ်သွားစေသည်။
တစ်ကိုယ်လုံးမှာပိုးကောင်တွေယွစိထိုးနေသလိုခံစားနေရပြီးနားများအူနေသည်မှခံစားရသက်သာစေရန်ပျိုတိုင်းကြိုက်ချစ်ရိပ်အကြောင်းတွေးတောနေလိုက်သည်။သူ့မှာပိုင်ဆိုင်ခွင့်မရှိတောင်ချစ်ခွင့်တော့ရှိတာပဲလေ။ဒီအတွေးတွေကသူ့ဝေဒနာတွေကိုအနည်းငယ်သက်သာစေသည်။
"ပန်းသီးလေးစားပါအုန်းအမေသေချာစိတ်ထားပေးတယ်ခုနနေသူနာပြုလာရင်ဆေးသေချာသောက်ရမယ်နော်ဒီတိုင်းသာဆက်သွားရင်ရှေ့လဆိုသားကပုံမှန်အတိုင်းပြန်ဖြစ်ပြီ"
ပျိုတိုင်းကြိုက်ခေါင်းငြိမ့်ပြလိုက်သည်။သူ့မိဘတွေကသူ့အတွက်ဂုဏ်ယူနေခဲ့ရပြီးမှယခုလိုဖြစ်သွားသည့်အတွက်တကယ်အားနာမိသည်။ယခုအချိန်ကစပြီးသူပုံမှန်လူဖြစ်အောင်ပြန်ကြိုးစားမည်။လုပ်ငန်းတွေချဲ့ထွင်ပြီးမိဘစကားနားထောင်မည်။သူမပိုင်ဆ်ိုင်နိုင်တဲ့ကောင်လေးကိုမေ့ပြစ်ဖို့မဖြစ်နိုင်လို့အဝေးကချစ်ဖို့ပဲကြိုးစားတော့မည်။
ဟန်မင်းသူလက်ထဲကဆေးလိပ်ကိုငြိမ်းသတ်လိုက်ပြီးသူ့ရှေ့ကစုတ်ချွန်းချွန်းနဲ့လူကိုပိုက်ဆံအထပ်လိုက်ပါသည့်အထုပ်ကိုပြစ်ပေးလိုက်သည်။
"မင်းအလုပ်ကိုသေချာတော့လုပ်ခဲ့ပါတယ်နော်!"
"ဟာ..သေချာပါတယ်ဆရာရယ်သူလုံးဝကိုဆေးစွဲနေပါပြီကျွန်တော်သူတောင်းတဲ့ဟာထဲကိုအပြင်းမှုန့်တွေရောပြီးထည့်ထည့်ပေးလို့သူ့အခြေအနေကထင်ထားတာထက်ပိုဆိုးနေပါပြီ"
YOU ARE READING
ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)
Romanceချစ်ရိပ်ညနေရဲ့ဘဝမှာရည်းစားနှစ်ယောက်ပဲထားခဲ့ဖူးတယ်အဲ့နှစ်ယောက်ကပဲသူ့ရဲ့ဘဝကိုစောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တယ် 3somes❤️