17

3.3K 222 8
                                    

"ကျွန်တော်တောင်းပန်ပါတယ်"

"မင်းကဘာအတွက်တောင်းပန်တာလဲ"

"အမေ့ကိုခင်များနဲ့မတွေ့အောင်ကြိုတင်ကာကွယ်ထားရမှာကို"

"မင်းကကိုယ့်ကိုခဏပဲတွဲမယ်ဆိုရင်ဟုတ်တာပေါ့တစ်သက်လုံးတွဲမယ်ဆိုရင်တော့မဟုတ်တော့ဘူး"

"ကျွန်တော်ခင်များကိုတစ်သက်လုံးအတွက်ရည်ရွယ်ထားတာ!"

"ကိုယ်သိပါတယ်ကွာအဲ့တာကြောင့်စောစောတွေ့လိုက်တော့ပိုကောင်းသွားတာပေါ့"

"ကျွန်တော်မနက်ဖြန်အိမ်ပြန်အုန်းမယ်..သူတို့သဘောတူရင်ခင်များကိုအိမ်နဲ့တရားဝင်မိတ်ဆက်ပေးမယ်မတူရင်ကျွန်တော်အိမ်ပေါ်ကဆင်းလာခဲ့တော့မယ်"

ထိုစကားတွေကဟန်မင်းသူဆီမှမကြားခဲ့ရဖူးသောစကားများပင်။

လှိုက်တက်လာတဲ့ချစ်စိတ်များကြောင့်ချစ်ရိပ်ပျိုတိုင်းကြိုက်ကိုတင်းကျပ်စွာဖက်ထားမိသည်။

"မင်းတစ်ကယ်ကိုယ့်ကိုဟန်မင်းသူကြောင့်ပတ်သက်တာမဟုတ်ပါဘူးနော်..မင်းအဲ့လိုလူမျိုးမဟုတ်မှန်းသိပါတယ်ဒါပေမယ့်ကိုယ်စိုးရိမ်နေတုန်းပဲမင်းကိုယ့်ဘေးနားမရှိတော့မှာကိုယ်သိပ်ကြောက်တယ်"

ပျိုတိုင်းကြိုက်ကလည်းပြန်လည်ထွေးပွေ့လိုက်ပြီး

"ကျွန်တော်ကကိုယ့်မွေးနေ့ကိုယ်သာသေချာမသိတာခင်များကိုဘယ်လောက်ချစ်သလဲဆိုတာတော့သေချာသိတယ်အကြောင်းပြချက်တွေရှိခဲ့ရင်တောင်အဲ့တာခင်များအနားရောက်ချင်လို့ပဲ"

ဘယ်သူကစလိုက်သလဲမသိဆိုဖာကျဥ်းကျဥ်းလေးပေါ်တွင်နှစ်ယောက်သားနမ်းရှိုက်ရင်းတစ်ယောက်အဝတ်တစ်ယောက်ဆွဲချွတ်ကြတော့သည်။

'ဒူ..ဒူ..ဒူ'

"အာ..အရေးထဲဒီဖုန်းကတစ်မျိုး"

ပျိုတိုင်းကြိုက်ပွစိပွစီပြောပြီးဖုန်းဖြေနေသည်ကိုချစ်ရိပ်ပြုံးပြီးသာကြည့်နေလိုက်သည်။မျက်နှာသိပ်မလှသည်မို့အိမ်ကဖြစ်ဟန်တူသည်။မဟုတ်မှ..အရမ်းလှတဲ့အန်တီကြီးသတိလစ်သွားတာများလား။

"ချစ်ရိပ်ခင်များတစ်ယောက်ထဲနေခဲ့လို့အဆင်ပြေလားအမေသတိလစ်သွားလိုကျွန်တော်ခုချက်ချင်းသွားမှဖြစ်မယ်"

ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)Where stories live. Discover now