12

3.6K 236 5
                                    

ချစ်ရိပ်ကအဝတ်ကင်းမဲ့နေတာကြောင့်ဟန်မင်းသူကအဝတ်လဲဖို့အခန်းထဲခေါ်သွားပေးသည်။

"မင်းတမင်လုပ်တာမလား"

ဟန်မင်းသူမျက်နှာမှာလွန်စွာစိတ်မကောင်းဖြစ်နေဟန်ဖြင့်

"ချစ်ရိပ်ရာစွပ်စွပ်စွဲစွဲနဲ့...မင်းကိုယ့်ကိုစိတ်ဆိုးနေမှန်းသိပေမယ့်ဒီလိုမျိုးကြီးတော့!"

ဟန်မင်းသူရဲ့အကြီးအကျယ်စိတ်ဓါတ်ကျနေတဲ့ပုံစံကြောင့်ချစ်ရိပ်လည်းဘာမှထပ်မပြောရက်တော့။

"ဟန်မင်းသူ"

"အင်းချစ်ရိပ်ပြော!"

"အဲ့လူကငါ့မျှော်လင့်ချက်ပဲ..မင်းမိန်မတစ်ယောက်နဲ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေတဲ့အချိန်မှာငါကလည်းသေချာပေါက်အေးချမ်းတဲ့ဘဝမှာငါ့ကိုချစ်ပေးမယ့်လူတစ်ယောက်နဲ့ပျော်ရွှင်နေရမယ့်မလားအဲ့ကောင်လေးကအဲ့လိုဘဝမျိုးကိုငါအတူတူဖြတ်သန်းချင်တဲ့ယောကျ်ားပဲမင်းငါ့အပေါ်လုပ်ခဲ့သမျှကိုငါအားလုံးခွင့်လွှတ်ပေးမှမို့ငါတို့နှစ်ယောက်ကိုလွှတ်ထားပေးစမ်းပါ"

ဟန်မင်းသူမျက်နှာကဘာမှထူးထူးခြားခြားပြောင်းလဲခြင်းမရှိပေ။

"စကားအများကြီးပြောလိုက်ရတော့မောသွားပြီပဲချစ်ရိပ်လေးရေသောက်ချင်လားကိုယ်ယူလာပေးမယ်"

"ငါရေမဆာဘူး!"

ကရားထဲကနေခွက်ထဲရေလောင်းထည့်နေတဲ့ဟန်မင်းသူရဲ့လက်တွေရပ်တန့်သွားကာချစ်ရိပ်ကိုပြုံးပြီးကြည့်လာသည်။

"ချစ်ရိပ်ကိုယ်အလိုလိုက်တာအရမ်းများသွားပြီထင်တယ်အရမ်းဆိုးလာပါလားရော့ရေသောက်လိုက်အုန်း"

ချစ်ရိပ်ဟန်မင်းသူလက်ထဲကရေခွက်ကိုရိုက်ချလိုက်ကာ

"မင့်စောက်ရေကိုငါမသောက်ချင်ဘူးလို့"

ဟန်မင်းသူမှာဆက်ပြီးတည်ငြိမ်ဟန်မဆောင်နိုင်တော့

"ချစ်ရိပ်ကိုယ်သူ့ကိုသတ်ပြစ်လိုက်လို့ရတယ်နော်ကိုယ်ဘာကောင်လဲဆိုတာမေ့မသွားနဲ့"

"မင်း..မင်း!"

"ဒေါက်..ဒေါက်..ဒေါက်..သားဟန်မင်းသူအခုချက်ချင်းတံခါးလာဖွင့်စမ်း"

ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)Where stories live. Discover now