16

3.8K 229 6
                                    

ချစ်ရိပ်ပုံမှန်အတိုင်းကျောင်သွားလိုက်ကျောင်းပြန်လိုက်ပျိုတိုင်းကြိုက်နှင့်dateလိုက်ဖြင့်ဘဝကြီးကိုပျော်ရွှင်စွာဖြတ်သန်းနေသည်။ကျောင်းမှာနေရတဲ့သူ့ဘဝကြီးကအရင်ကထက်အများကြီးအဆင်ပြေလာသည်။ဆရာ/မအပြောင်းအလဲတွေအများကြီးဖြစ်သွားခဲ့ပြီးအသစ်ရောက်လာသူတွေကသူ့အပေါ်အများကြီးကောင်းပေးကြသည်။ဒါတွေအားလုံးကပျိုတိုင်းကြိုက်ရဲ့ကျေးဇူးတွေပင်။

'ဘယ်လိုလုပ်ရမလဲကိုယ်တော့မင့်ကိုပိုပိုချစ်မိလာပြီ'

"ချစ်ရိပ်မင့်ကိုလူတစ်ယောက်ကတွေ့ခွင့်တောင်းနေလို့"

"ဟုတ်ကဲ့ကျွန်တော်လာပြီ"

ချစ်ရိပ်ထွက်တွေ့လိုက်တော့အတော်လှသည့်အမျိုးသမီးကြီးတစ်ယောက်ပင်။ရုတ်တရက်ကြီးချစ်ရိပ်ခံစားချက်တွေမကောင်းတော့ပေ။

"ငါပျိုတိုင်းကြိုက်ရဲ့အမေပဲမင်းနဲ့စကားပြောချင်လို့လာခဲ့တာ"

"ကျောင်းဘေးကဆိုင်ကိုသွားကြရအောင်အန်တီ"

လက်ဖက်ရည်တွေအေးစက်လာသည်အထိစကားမဆိုမိကြပဲတစ်ယောက်နှင့်တစ်ယောက်သာစူးစိုက်စွာကြည့်နေကြသည်။

"ငါလာရတဲ့အကြောင်းအရင်းကိုမင်းသိမှာပေါ့"

"ရုပ်ရှင်ထဲကစကားလုံးတွေလာရွတ်ပြတာမလား"

"မင်း..ငါ့သားကအခုမှငယ်ငယ်လေးရှိသေးတယ်သူ့မှာတက်လမ်းတွေအများကြီးနဲ့မင်းဘယ်လိုတောင်ဖျက်ဆီးရက်ရတာလဲမင်းကျောင်းဆရာလုပ်နေပြီးမရှက်ဘူးလား"

အသံအနည်ငယ်ကျယ်သွားတာကြောင့်ဘေးလူတွေကလှည့်ကြည့်လာကြသည်။

"အန်တီသားကကျွန်တော့်ကိုအရင်လာပတ်သက်တာပါအန်တီပြောစရာရှိရင်သူနဲ့ပဲတိုက်ရိုက်ဆွေးနွေးသင့်တယ်"

"ဘယ်မအေကသူ့သားယောကျ်ားတွေနဲ့ပတ်သက်နေတာကိုထုတ်ပြောရက်မလဲမင်းကတော့ဘယ်နားလည်ပါ့မလဲမိဘမှမရှိတာ"

ချစ်ရိပ်အံတင်းတင်းကြိတ်ကာထိုအမျိုးသမီးကိုစူးစူးစိုက်စိုက်ကြည့်ပြစ်လိုက်သည်။သူ့ကိုယ်သူအမြဲရင့်ကျတ်နေပြီဟုထင်မိသော်လည်းယခုချိန်ထိသူဟာမရင့်ကျတ်နိုင်သေးပေ။မိဘအကြောင်းပါလာသည်နှင့်သူ့စိတ်တွေလွှတ်သွားရမြဲပင်။

ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)Where stories live. Discover now