18

3.3K 216 5
                                    

ပျိုတိုင်းကြိုက်ကုတင်ပေါ်ထိုင်ပြီးဆေးလိပ်သောက်နေတုန်းအခန်းတံခါးကဝုန်းကနဲတွန်းဖွင့်ခံလိုက်ရသည်။ထို့နောက်မိခင်ဖြစ်သူကပြေးဝင်လာပြီးသူသောက်နေတဲ့ဆေးလိပ်ကိုဆွဲလုပြစ်လိုက်ကာဆူပူတော့သည်။

"သားရူးနေပြီလားသားကျန်းမာရေးကဆေးလိပ်သောက်လို့မရဘူးလေ"

"ပြန်ပေးပါ!"

"မပေးဘူး..မင်းကအမေ့စကားကိုအမြဲတမ်းနားထောင်နေကြပါသူနဲ့ပတ်သက်ရင်ဘာလို့ဘာမှပြောလို့မရတော့တာလဲ"

"အမေ..ကျွန်တော်အမေ့စကားနားထောင်တယ်ဆိုတာကျွန်တော်လိုချင်တာမရှိလို့အမေ့ဆန္ဒကိုလိုက်လျောခဲ့ယုံပဲအဲ့တာကြောင့်ကျွန်တော့်ကိုလူလိမ်မာဇာတ်အရမ်းမသွင်းပါနဲ့"

"ဟဲ့..သားဒါဘယ်လဲ"

"ဆေးလိပ်သွားဝယ်မလို့"

"ပြန်လာခဲ့စမ်း!"

ဒေါ်မေသီမှာသံကုန်အော်ဟစ်နေပါသော်လည်းသားဖြစ်သူမှာလှည့်ပင်ကြည့်မလာချေ။မဖြစ်ရဘူးသူ့သားကဟိုမိန်းမယုတ်ရဲ့သားလိုယောကျ်ားချင်းကြိုက်တဲ့လူမဖြစ်စေရဘူး။ရိုင်းစိုင်းလွန်းတဲ့သောက်ကလေးကိုလဲသူအရူံးမပေးချင်ဘူး။အထူသဖြင့်ပတ်ဝန်းကျင်မှာသူအရှက်ကွဲမခံနိုင်ဘူး။

ပျိုတိုင်းကြိုက်ဧည့်ခန်းကိုဖြတ်တော့သတင်းစာဖတ်နေတဲ့ဖခင်ဖြစ်သူနှင့်ဆုံသည်။

"ဘယ်လဲ"

"ဆေးလိပ်ဝယ်"

"အဲ့တာမင့်ကျန်းမာရေးကိုဘယ်လောက်ထိခိုက်မှန်းမသိဘူးလား!"

"သိလို့လုပ်နေတာ"

"မင်း!..အဲ့ကိစ္စအတွက်အဖေတောင်းပန်ပါတယ်မင့်အမေကမင့်အကိုနဲ့ပူပေါင်းပြီးလုပ်ထားတာမင့်အမေတောင်းဆိုတာကိုအဖေလည်းမငြင်းနိုင်ဘူးလေသူ့ကျန်းမာရေးကလည်းရှိသေးတော့"

ပျိုတိုင်းကြိုက်ဖခင်ဖြစ်သူရဲ့စကားကိုဆုံးအောင်နားမထောင်ပဲထွက်လာလိုက်သည်။

သိပ်မဝေးတဲ့စတိုးဆိုင်ထဲဝင်ကာဆေးလိပ်ဝယ်လာပြီးနောက်ထိုင်ခုံတွင်ထိုင်ကာဖုန်းကိုကြည့်ပြီးတွေဝေနေမိသည်။

ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)Where stories live. Discover now