19

3.4K 223 1
                                    

နာမည်ကြီးသရုပ်ဆောင်ဖြစ်သူမေမဒီရဲ့စေ့စပ်ပွဲပျက်သွားသည့်သတင်းကတစ်နိုင်ငံလုံးကိုရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။ယောကျ်ားလေးဘက်ကစတင်ဖျက်လိုက်တာကြောင့်သူမရဲ့ပရိတ်သတ်တွေကလည်းကုမ္ပဏီဆီသို့အနှောက်အယှက်အမျိုးမျိုးကိုပြုလုပ်ပေးပို့ကြသည်။

ကြွက်သေများနှင့်ကျိန်စာတိုက်သူကတိုက်အောက်လမ်းအရုပ်တွေပို့သူကပို့နှင့်စည်ကားနေတော့သည်။

နာရီအနည်းငယ်အကြာမှာတော့ကုမ္ပဏီရဲ့ရှယ်ယာများနှင့်လုပ်ပိုင်ခွင့်အားလုံးကိုသားဖြစ်သူဟန်မင်းသူမှလွှဲယူလိုက်ကြောင်းကြေငြာလာခဲ့တော့သည်။ဖခင်ဖြစ်သူမှာအသက်ကြီးလာပြီးဖြစ်တာကြောင့်အေးအေးချမ်းချမ်းအနားယူတော့မည်ဖြစ်ကြောင်းပါပြောကြားခဲ့သည်။

မင်းသမီးမဒီမြတ်မှာလည်းစေ့စပ်လမ်းကြောင်းဖျက်သိမ်းမှုဟာနှစ်ဦးသဘောတူဖြစ်ပါကြောင်းသူမဆိုရှယ်accမှဖြေရှင်းပေးခဲ့သည်။

အရာအားလုံးပုံမှန်ပြန်ဖြစ်လာခဲ့ပြီဖြစ်သော်လည်းချစ်ရိပ်ရဲ့ဘဝကတော့ပုံမှန်ဖြစ်မနေတော့ပေ။

"ချစ်ရိပ်တံခါးဖွင့်လို့ပြောနေတာမကြားဘူးလား..ငါတံခါးဖျက်ပြီးဝင်လာမှာနော်"

ချစ်ရိပ်မှာစိတ်ကျရောဂါဖြစ်လုနီးပါပင်ဖြစ်နေတာမို့ကျောင်းမှပင်အနားယူလိုက်ရတော့သည်။ဧည့်ခန်းမှာထိုင်နေပြီးဟန်မင်းသူရဲ့ခြိမ်းခြောက်မှုကြောင့်ဘာလုပ်လို့ဘာကိုင်ရမှန်းပင်မသိတော့။နောက်ဆုံးကြံရာမရဖြစ်ကာရဲစခန်းကိုဖုန်းဆက်လိုက်မိသည်။

သူဖုန်းဆက်ပြီးတစ်မိနစ်ပင်မပြည့်သေး

"ချစ်ရိပ်ရဲစခန်းကိုဖုန်းဆက်တိုင်တာတွေတော်တော့ကိုယ့်အကြောင်းမင်းသိရဲ့သားနဲ့"

ဟုတ်ပါတယ်သူမှားတာ။ဟန်မင်းသူရဲ့အာဏာကဒီနိုင်ငံမှာဘယ်လောက်ထိသက်ရောက်နေမှန်းသူမေ့သွားခဲ့တာ။ခုဆိုspecialကုမ္ပဏီကြီးတစ်ခုလုံးကဟန်မင်းသူလက်ထဲရောက်သွားပြီဆိုတော့သူ့မှာအရင်လိုအေးအေးချမ်းချမ်းနေရတော့ပါ့မလား။

"တံခါးဖျက်လိုက်တော့!"

"မလုပ်နဲ့!"

ချစ်ရိပ်ပြာပြာသလဲတံခါးဖွင့်ပေးလိုက်တော့ဟန်မင်းသူကကြောက်စရာကောင်းအောင်ပြုံးပြလာသည်။

ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)Where stories live. Discover now