25

3.3K 212 6
                                    

အိပ်ချင်မူးတူးဖြစ်နေတာကြောင့်ဆွပ်ပြုတ်တစ်ချို့ကချစ်ရိပ်ညနေရဲ့မေးပေါ်သို့စီးကျနေသည်။ပျိုတိုင်းကြိုက်ကလက်မနှင့်သုတ်ကာသန့်ရှင်းပေးလိုက်တော့ချစ်ရိပ်ကမျက်မှောင်ကျုံ့ပြီးကြည့်လာသည်။

"ဘယ်သူလဲမင်းကဘာလို့ငါ့အသားကိုလာထိတာလဲငါ့ချစ်သူသာသိရင်မင်းတော့ပေါင်နှစ်ခြမ်းဆွဲဖြဲခံရမှာ..နေအုန်းငါမင်းကိုမြင်ဖူးသလိုပဲ"

"ကျွန်တော်ကဟန်မင်းသူတို့အိမ်ကအလုပ်သမား"

"အလုပ်သမားကလည်လန်ပြန်ထွက်နေတာပဲဖြစ်နိုင်တာပဲလေငါ့ချစ်သူရဲ့အိမ်ကအလုပ်သမားပဲဟာ"

"ဟန်မင်းသူကခင်များထင်သလောက်လူကောင်းမဟုတ်ဘူးဆိုရင်ရောခင်များသူ့ကိုသဘောကျအုန်းမှာပဲလား"

ချစ်ရိပ်ညနေကမျက်မှောင်ကျုံ့ကာစဥ်းစားလိုက်ပြီး

"ဒါပေါ့သူကငါ့ချစ်သူပဲဟာဆိုးဆိုးကောင်းကောင်းသဘောကျမှာပေါ့"

ပျိုတိုင်းကြိုက်မှာရင်ဘတ်တစ်ခုလုံးချဥ်တူးလာပြီးအိမ်သို့ပြန်လာခဲ့တော့သည်။ဒီကောင်ကသူထင်သလောက်လဲကောင်းမနေပါဘူး။ဟွန့်..လင်တရူးနေတဲ့ကောင်။

'ငါလဲအဲ့လိုရူးသွပ်ခံချင်လိုက်တာ'

ပျိုတိုင်းကြိုက်တတ်နိုင်သလောက်ကြိုးစားပြီးထိန်းချုပ်ပေမယ့်ထိုလူသားလေးကိုမြင်ချင်စိတ်ထိတွေ့ချင်စိတ်ကတစ်နေ့တစ်ခြားပိုပိုဆိုးလာခဲ့သည်။ဆေးလိပ်၊အရက်အကုန်သောက်သော်လည်းမေ့လို့မရတာကြောင့်ရည်းစားတွေထည်လည်တွဲကြည့်သော်လည်းအဆင်မပြေပါချေ။အမေကပင်မသင်္ကကာဖြစ်နေခဲ့ပြီဖြစ်သည်။

တစ်ပတ်တိတိသည်းခံပြီးနောက်မှာတော့ပျိုတိုင်းကြိုက်ဖုန်းထုတ်လိုက်ကာတစ်စုံတစ်ယောက်ဆီခေါ်ဆိုလိုက်သည်။

"အဖိုးကျွန်တော်ဟန်မင်းသူဆီဘာသွားပို့ပေးရမလဲ"

"ဟေ!"

ပျိုတိုင်းကြိုက်စတီးဂျိုင့်ကိုကြည့်ပြီးသက်ပြင်းချမိလိုက်သည်။

'ဟူး..ငါဘာတွေလုပ်နေတာလဲကွာ'

ဒီတစ်ခါလည်းဟန်မင်းသူမရှိပါစေနဲ့လို့ဆုတောင်းပေမယ့်ဆုတောင်းတွေမပြည့်ဝခဲ့ပါချေ။

ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)Where stories live. Discover now