ဒေါ်မေသီကချစ်ရိပ်နောက်ကဟန်မင်းသူကိုဂျိုလ်ကြည့်,ကြည့်လိုက်ပြီး
"မင်းကနေထားလေငါ့သားကမင့်ကိုမြင်ချင်မှာမဟုတ်ဘူး!"
"ကျုပ်ကရောခင်များသားကိုမြင်ချင်တယ်ထင်နေလား!"
ချစ်ရိပ်ကဟန်မင်းသူကိုဧည့်ခန်းထဲနေခဲ့ဖို့အရိပ်အမြွတ်ပြလိုက်ပြီးဒေါ်မေသီညွှန်ပြသောပျိုတိုင်းကြိုက်အခန်းဆီသို့တက်လာလိုက်သည်။
ဟန်မင်းသူရဲ့ဝေဝေဆာဆာဆဲဆိုသံတွေကအိမ်ပေါ်ထပ်ထိပါအတိုင်းသားကြာနေရသည်။ချစ်ရိပ်အသက်ဝဝရူကာတံခါးကိုလှည့်ပြီးအခန်းထဲဝင်လိုက်တော့ကုတင်ပေါ်မှာလူတစ်ယောက်ကကျောပေးကာအိပ်နေသည်။အနောက်ကနေမြင်ရုံနှင့်ပျိုတိုင်းကြိုက်မှန်းသိသာပြီးထိုကလေးကအတော်လေးကိုပိန်ကျသွားသည်။
ချစ်ရိပ်ကုတင်ပေါ်ဖြည်းငြင်းစွာတက်လိုက်ပြီးထိုကလေးကိုနောက်မှတင်းကျပ်စွာပွေ့ဖက်လိုက်တော့ထိုကလေးကလှုပ်လှုပ်ရှားရှားဖြစ်လာကာသူ့လက်တွေကိုအတင်းဆွဲဖြုတ်ပြီးဘယ်သူလဲဆိုတာအတည်ပြုဖို့ထကြည့်လာခဲ့ပြီးချစ်ရိပ်ကိုမြင်သည်နှင့်ဘီးလူးတဘက်စီးသလိုသူ့ရဲ့နုတ်ခမ်းတွေကိုအကြမ်းပတမ်းနမ်းရှိုက်လာခဲ့သည်။
"အင့်...ခန..ခနဖယ်အုန်း"
ချစိရိပ်ဘယ်လိုပင်ပြောဆိုနေပါစေပျိုတိုင်းကြိုက်ကနားဝင်ပုံမရချေ။နမ်းနေတာကိုရပ်တန့်လိုက်သည်နှင့်ထိုလူသားလေးပျောက်ကွယ်သွားမှာစိုးသလိုမျိုးအရူးအမူးနမ်းရှိုက်နေခဲ့သည်။
"မောင်လို့!"
ချစ်ရိပ်ကကြံရာမရပဲနောက်ဆုံးလက်နက်ထုတ်သုံးလိုက်မှပျိုတိုင်းကြိုက်ကရပ်တန့်သွားခဲ့ကာ
"ချစ်ရိပ်..တကယ်ခင်များလားပုံရိပ်ယောင်လားဟင်ကျွန်တော့်ကိုရူးအောင်မလုပ်ပါနဲ့ကျွန်တော်ခံနိုင်ရည်မရှိတော့ဘူးဗျ"
ချစ်ရိပ်စီးကျလာတဲ့ပျိုတိုင်းကြိုက်ရဲ့မျက်ရည်တွေကိုဖြည်းငြင်းစွာသုပ်ပေးလိုက်ပြီးလက်ကလေးကိုဆွဲယူကာသူ့ရင်ဘတ်ဆီကပ်လိုက်ကာ
"မင်းခံစားမိလားငါ့ရင်ခုန်သံတွေကိုအဲ့တာငါအစစ်အမှန်ပဲလေမောင်ရဲ့!"
![](https://img.wattpad.com/cover/341944690-288-k224948.jpg)
YOU ARE READING
ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)
Romanceချစ်ရိပ်ညနေရဲ့ဘဝမှာရည်းစားနှစ်ယောက်ပဲထားခဲ့ဖူးတယ်အဲ့နှစ်ယောက်ကပဲသူ့ရဲ့ဘဝကိုစောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တယ် 3somes❤️