11

3.6K 222 2
                                    

မိုးစင်စင်လင်းလာသော်လည်းချစ်ရိပ်မှာအိပ်ယာမှနိုးထလာနိုင်ခြင်းမရှိသေးပေ။တစ်ညလုံးပင်ပန်းထားတဲ့ဒဏ်ကြောင့်အိပ်ယာထက်တွင်လေလျှော့ခံထားရတဲ့အရုပ်လေးတစ်ရုပ်လိုပျော့ခွေနေသည်။သတိကောင်းစွာမကပ်သေးတာကြောင့်တစ်ချက်တစ်ချက်ရှိုက်သံလေးတွေပလုံးပထွေးငြင်းဆိုသံလေးတွေကိုလည်းကြားနေရသည်။

ဟန်မင်းသူမျက်လုံးတွေနီရဲကာနာကျင်လာသည်အထိချစ်ရိပ်ကိုသာစူးစိုက်ကြည့်နေသည်။

'ဟုတ်တယ်ချစ်ရိပ်လေးမင်းလေးကအမြဲတမ်းကိုကို့အပိုင်ပဲမင်းပျော်တာဝမ်းနည်းတာအိပ်ယာထဲမှာပင်ပန်းနေတာကအစအရာအားလုံးကကိုယ်နဲ့ပဲသက်ဆိုင်တယ်နော်အခုသိပြီလား'

ဟန်မင်းသူကကိုယ်ကိုယ်ကိုင်းကာချစ်ရိပ်နဖူးလေးကိုအနမ်းပေးလိုက်ပြီးဖုန်းလက်ဗွေပါဖွင့်လိုက်သည်။

အရင်ကသူ့မွေးနေ့လေးအမြဲရှိနေခဲ့သောနေရာလေးကအခုတော့အခြားကိန်းဂဏာန်းတွေနဲ့အစားထိုးခံထားလိုက်ရပြီဖြစ်တာကြောင့်ဟန်မင်သူစိတ်ဆိုးဒေါသထွက်ချင်ပေမယ့်အခုကအခြေအနေကောင်းမဟုတ်သေး​ချေ။ချစ်ရိပ်လေးစိတ်နဲ့ကိုယ်နဲ့ကပ်ပြီးသူ့ကိုဘယ်လောက်ထိချစ်မိနေမှန်းသဘောပေါက်လာမှအတိုးရောအရင်းပါပေါင်းပြီးအပြစ်ပေးပြစ်အုန်းမည်။

ပျိုတိုင်းကြိုက်ကမနက်အစောကြီးထလေ့မရှိသော်လည်းအခုတလောစောစောထဖြစ်နေသည်။ထချင်စိတ်မရှိရင်တောင်ပါးအိအိလေးကိုအနမ်းပေးရအုန်းမည်ဟုတွေးလိုက်ပါကအလိုအလျှောက်မျက်နှာသစ်ပြီးသားဖြစ်နေတော့သည်။

'ခင်းများ..ခင်များကျွန်တော့်ကိုအတွေ့အကြုံမရှိဘူးဆိုပြီးလှောင်တယ်နော်ဒီညတော့ကျွန်တော့်ရဲ့ခွန်အားကိုသေချာပေါက်သိစေရမည်'

ဖြူဖြူဥဥပုပုသေးသေးလေးနှင့်ကလေးလူကြီးလေးအကြောင်းတွေးမိတော့ပျိုတိုင်းကြိုက်ရင်တွေတစ်လှပ်လှပ်ဖြစ်လာသည်။

'မပိုင်ဆိုင်ရတော့ဘူးလို့ထင်ထားခဲ့တာ'

လေတစ်ချွန်ချွန်နှင့်အောက်ထပ်ဆင်းလာတဲ့ပျိုးတိုင်းကြိုက်ကိုကြည့်ရင်းဒေါ်မေသီမျက်မှောင်ကျုံ့လိုက်သည်။

ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)Where stories live. Discover now