31

3.9K 220 6
                                    

ချစ်ရိပ်အိမ်တံခါးကလုံးဝပျက်ဆီးသွားတာကြောင့်တံခါးပြင်ဆရာငှားလိုက်ရသည်။ချစ်ရိပ်တစ်ယောက်ထဲနေရင်အခန်းကအကျယ်ကြီးပေမယ့်လူသုံးယောက်ဖြစ်သွားတော့အနည်းငယ်ကျပ်ကာအသက်ရှုရခက်လာသည်။သူဋေးသားလေးနှစ်ယောက်ကမျက်နှာမလှကြပေမယ့်မညည်းငြူကြရှာ။ကြာတော့ချစ်ရိပ်သနားစိတ်ဝင်လာပြီးအိမ်ပြောင်းဖို့ပြောလိုက်တော့ပြသနာတစ်ခုပေါ်လာပြန်သည်။

ဟန်မင်းသူရဲ့အိမ်မှာလိုက်နေမှာလားပျိုတိုင်းကြိုက်အိမ်မှာလိုက်နေမှာလားဆိုတာပင်။နှစ်ယောက်လုံးကအလျော့မပေးပဲခေါင်းမာနေကြတာကြောင့်အေးချမ်းတဲ့နေရာလေးတစ်ခုကအိမ်ကိုဟန်မင်းသူနှင့်ပျိုတိုင်းကြိုက်အားပိုက်ဆံတစ်ဝက်စီစိုက်စေပြီးဝယ်လိုက်ရသည်။ဒါတောင်ကိုယ်တော်ချောနှစ်ယောက်ကသူရှင်းမယ်ငါရှင်းမယ်ငြင်းခုန်နေကြတာ​ကြောင့်ချစ်ရိပ်မျက်စောင်းထိုးလိုက်တော့မှနှစ်ယောက်လုံးငြိမ်ကျသွားသည်။

"ဝါး..အိမ်ကြီးကအကျယ်ကြီးပဲ!"

"ချစ်ရိပ်ကြိုက်ရင်ဒါမျိုးအိမ်တွေကိုယ်အများကြီးဝယ်ပေးမယ်လေ"

"အကိုခုချိန်အဲ့လောက်ပိုက်ဆံဖြုန်းလို့ဖြစ်ပါ့မလားအစိုးရနဲ့ပူပေါင်းပြီးစီမံကိန်းကြီးတစ်ခုလုပ်နေတယ်ဆိုအကုန်အကျတော်တော်များနေမှာပဲချစ်ရိပ်ကိုကျွန်တော်ပဲတာဝန်ယူပေးလိုက်ပါ့မယ်!"

"ငါပိုက်ဆံမရှိဖြစ်နေတဲ့အချိန်တောင်မင့်ထက်နှစ်ဆပိုချမ်းသာတယ်..သဘောပေါက်!"

"ဟက်..နှစ်ကုန်လို့ကားစျေးတွေထိုးတက်လာတဲ့အချိန်ခင်များဒီလိုစကားပြောနိုင်အုန်းမလားဆိုတာစောင့်ကြည့်လိုက်အုန်းမယ်"

"အဲ့ဒီအချိန်ရောက်ရင်ငါ့စီမံကိန်းကအမြတ်တွေထွက်ပြီးမင့်ထက်ရှစ်ဆလောက်ပိုချမ်းသာနေပြီကွ!"

ချစ်ရိပ်ပန်းသီးဖျော်ရေလေးသောက်ပြီTVကြည့်နေသည်။သန့်ရှင်းရေးလုပ်ရင်းရန်ဖြစ်နေကြသည့်ညီအကိုနှစ်ယောက်ကိုသူထပ်မပြောမနိုင်တော့။တိုက်ဆိုင်စွာပင်TV channelတစ်ခုမှာမေမဒီရဲ့အင်တာဗျူးလာနေတာကြောင့်Fan boyပီပီချစ်ရိပ်စိတ်ဝင်တစားနားထောင်နေလိုက်သည်။

ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)Where stories live. Discover now