ချစ်ရိပ်အိပ်ယာကနိုးလာတော့ဟန်မင်းသူကသူ့နဖူးကိုအနမ်းဖွဖွလေးပေးလာသည်။
"ထတော့ငါကော်ဖီဖျော်ထားပြီထသောက်အုံး"
"မင်းခုထိမပြန်သေးဘူးလား"
"ကော်ဖီသောက်ပြီးရင်ပြန်မှာစေ့စပ်ပွဲကကိုးနာရီမှစမှာအခုမှခုနှနာရီပဲရှိသေးတယ်"
ချစ်ရိပ်ဘာမှပြန်ပြောချင်စိတ်မရှိတာကြောင့်မျက်နှာသစ်ရေချိုးကာသူဖျော်ထားပေးတဲ့ကော်ဖီကိုသောက်နေလိုက်သည်။ဟန်မင်းသူကသူ့အိတ်ထဲတစ်စုံတစ်ခုနိုက်လိုက်ပြီးချစ်ရိပ်ညနေရှေ့ထိုးပေးလာကြောင့်ကြည့်လိုက်တော့ကဒ်တစ်ခုပင်။
"ဘာလဲ"
"ချစ်ရိပ်အတွက်လေကျောင်းဆရာတစ်ယောက်ရဲ့လစာကဘယ်လောက်ရမှာမို့လဲဒါကိုသုံးလိုက်ဒါကုန်သွားရင်ငါ့ကိုပြောငါထပ်ပေးမယ်ဘာမှအားနာမနေနဲ့ငါနဲ့ခုနှနှစ်တွဲခဲ့တဲ့အတွက်ဒါကမင်းရသင့်ရထိုက်တာပဲ"
'ခွပ်'
"ချစ်ရိပ်မင်း!"
ချစ်ရိပ်ညနေဆက်ပြီးသည်းမခံနိုင်တော့တာကြောင့်ဟန်မင်းသူမျက်နှာကိုအားကုန်ထိုးချလိုက်သည်။ဟန်မင်းသူကဒေါသတကြီးအော်ဟစ်လာပါသော်လည်းချစ်ရိပ်မျက်ရည်တွေမြင်လိုက်သည်နှင့်ရပ်တန့်သွားကာ
"ချစ်ရိပ်မင်းငိုပြန်ပြီလားဘာလို့ခဏခဏငိုနေတာလဲမင်းနည်းနည်းလေးတောင်မရင့်ကျတ်နိုင်ဘူးလား"
"ထွက်သွား!"
ဟန်မင်းသူကသူ့ကိုအကြာကြီးငေးကြည့်ပြီးနောက်အသံတိုးတိုးဖြင့်ဆိုလာသည်။
"မင်းငါ့ကိုမသွားဖို့မတားတော့ဘူးလားချစ်ရိပ်"
ချစ်ရိပ်ရဲ့ငေးငိုင်နေတဲ့မျက်ဝန်းတွေကမျှော်လင့်ချက်ကြောင့်တစ်ဖန်တောက်ပလာကာ
"ငါ..ငါတားရင်မင်းမသွားတော့ဘူးလား"
"သွားမှာဒါပေမယ့်မင်းတားတာလေးကိုငါကြားချင်တယ်"
ချစ်ရိပ်ရဲ့နှလုံးသားဟာတစ်စစီကြေကွဲသွားတော့သည်။ဒီကောင်ကိုအောက်တန်းစားမှန်းသိပါရက်နဲ့သူကိုကအမှတ်မရှိတာ!။
![](https://img.wattpad.com/cover/341944690-288-k224948.jpg)
YOU ARE READING
ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)
Roman d'amourချစ်ရိပ်ညနေရဲ့ဘဝမှာရည်းစားနှစ်ယောက်ပဲထားခဲ့ဖူးတယ်အဲ့နှစ်ယောက်ကပဲသူ့ရဲ့ဘဝကိုစောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တယ် 3somes❤️