ချစ်ရိပ်ညကြီးအချိန်မတော်တစ်ယောက်ထဲမရပ်မနားပြေးလွှားနေခဲ့တာကြောင့်လမ်းပေါ်မှလူတစ်ချို့ကချစ်ရိပ်ကိုအထူးအဆန်းလို့လှည့်ကြည့်သွားကြသည်။ဘောင်းဘီအတိုအင်္ကျီအပါးနှင့်ပြေးလွှားနေသောသူ့ပုံစံကအနည်းငယ်တော့ဖရိုဖရဲဆန်နေသည်။
ဘယ်ရောက်လို့ရောက်မှန်းမသိတော့ပဲအတော်ကြီးမောလာချိန်မှသာပြေးတာကိုရပ်လိုက်ကာမှောင်ရိပ်ကျနေသောသစ်ပင်အောက်မှာဝင်ပြီးအမောဖြေနေလိုက်သည်။သူ့ဖုန်းကိုကြည့်လိုက်တော့Miss callတွေနီရဲနေသလိုMessageတွေလည်းတန်းစီနေသည်။ချစ်ရိပ်ဟန်မင်းသူရဲ့နံပါတ်ကိုblock listထဲသွင်းလိုက်ရင်းသူ့ဆီအကြိမ်ရေအနည်းငယ်ခေါ်ဆိုထားသောပျိုတိုင်းကြိုက်ရဲ့ဖုန်းကိုမရဲတရဲဖြင့်ခေါ်လိုက်သည်။
'အိပ်ပျော်သွားလောက်ပြီလား'
"Hello"
"အမ်း!မင်း..မင်းအိပ်ပြီလားသိချင်လို့ဆက်လိုက်တာအဲ့တာဆိုဒါပဲနော်"
"ခဏနေပါအုန်းခင်များအသံကဘာဖြစ်နေတာလဲခင်များဘယ်ရောက်နေတာလဲလေတိုက်သံတွေလဲကြားနေရတယ်"
"ကိုယ်အပြင်ရောက်နေတာ"
"ခင်များပဲခုနကအိပ်တော့မှာဆိုအခုကဘယ်လိုလုပ်အပြင်ရောက်နေတာလဲအခုဘယ်မှာလဲကျွန်တော်ချက်ချင်းလာခဲ့မယ်"
"မင်းလာဖို့မလိုပါဘူးခဏနေကျရင်ကိုယ်အဆင်ပြေသွားမှာပါ"
"အခုချက်ချင်းဘယ်ရောက်နေတာလဲပြောစမ်းခင်များ!"
ချစ်ရိပ်မျက်လုံးဝေ့ကြည့်လိုက်တော့သူရောက်နေတဲ့နေရာကသူ့တိုက်ခန်းနဲ့မိုင်ဝက်လောက်ဝေးတဲ့ကစားကွင်းမှာဖြစ်နေသည်။
"ငါတို့လမ်းရဲ့ကစားကွင်းမှာ"
"ခင်များအဲ့နေရာမှာပဲနေထားလုံးဝမရွေ့နဲ့"
ချစ်ရိပ်အထီးကျန်စွာထိုင်စောင့်နေရင်းဆယ့်ငါးမိနစ်လောက်မှာအကောင်းစားပြိုင်ကားတစ်စီးထိုးရပ်လာတာကြောင့်ချစ်ရိပ်မျက်လုံးတွေကန်းတော့မလိုပင်။ပျိုတိုင်းကြိုက်ကိုချမ်းသာမယ်လို့ခန့်မှန်းထားပေမယ့်ဒီလောက်ကြီးတော့မထင်ထားပေ။သူဋေးသားတွေနဲ့မပတ်သက်ချင်ပါဘူးဆိုမှ။
YOU ARE READING
ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)
Любовные романыချစ်ရိပ်ညနေရဲ့ဘဝမှာရည်းစားနှစ်ယောက်ပဲထားခဲ့ဖူးတယ်အဲ့နှစ်ယောက်ကပဲသူ့ရဲ့ဘဝကိုစောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တယ် 3somes❤️
