21

3.4K 230 8
                                    

ပျိုတိုင်းကြိုက်ရဲ့အခြေအနေကဆိုးသထက်ဆိုးလာသည်။မိဘဖြစ်သူတွေကိုပင်မှတ်မိနိုင်စွမ်းမရှိတော့ပဲကောင်လေးတစ်ယောက်ရဲ့ဓါတ်ပုံကိုသာရင်ခွင်ထဲထည့်ပြီးနေ့တိုင်းတစ်ငိုငိုတစ်ရီရီနှင့်ဖြစ်နေတော့သည်။

နောက်ဆုံးတွင်အစာပင်မဝင်တော့တာကြောင့်ဒေါ်မေသီတစ်ယောက်ပြာယာခတ်နေတော့သည်။

ကုတင်ပေါ်တွင်ဖျော့တော့စွာဖြင့်အိပ်စက်နေသောသားဖြစ်သူကိုကြည့်ပြီးသားဖြစ်သူကျန်းမာပျော်ရွှင်ဖို့ကလွှဲကျန်တာဘာမှအရေးမကြီးတော့မှန်းလက်ခံလိုက်ရတော့သည်။

"ဘာလို့ကုန်အောင်မစားတာလဲနေမကောင်းသေးဘူးလားခုထိ"

"ငါနေကောင်းပါတယ်ဆိုလက်ကိုဖယ်လာမထိနဲ့"

"ဒါဆိုနည်းနည်းတော့ထပ်စားလေနော်"

"မစားချင်တော့ဘူး!"

အသံနည်းနည်းမာလာပြီမို့ဟန်မင်းသူလက်လျှော့လိုက်ရတော့သည်။အခုထိသူတို့အခြေအနေကအကောင်းကြီးမဟုတ်သေးပေး။ဒီလိုတွေဖြစ်မယ်မှန်းကြိုသိခဲ့ရင်ဒါမှမဟုတ်အချိန်တွေသာနောက်ဆုတ်လို့ရခဲ့မယ်ဆိုရင်အစောကတည်းကချစ်ရိပ်ကိုခေါ်ပြီးနိုင်ငံခြားသာပြေးပုန်းခဲ့ချင်သည်။

"ကိုယ့်ကိုချစ်သေးလားချစ်ရိပ်"

"အင်း..ချစ်သေးတယ်"

"ဘယ်လောက်ထိချစ်လဲ"

"မင်းတွေးနိုင်တာထက်အများကြီးပိုချစ်တယ်"

"အဲ့ဒါဆိုဟိုကောင်ကိုကျတော့ရော"

"သူ့ကိုလည်းမင်းမတွေးနိုင်လောက်တဲ့အထိချစ်တာပဲ"

"ချစ်ရိပ်မင်းကအရမ်းဆိုးတဲ့ကောင်လေးပဲ"

"အဲ့လိုကောင်မျိုးကမှမင်းတို့ညီအကိုနှစ်ယောက်နဲ့ထိုက်တန်တာလေ"

"ကိုယ်သတိပေးထားတယ်နော်ချစ်ရိပ်မင်းအရင်ကဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ကိုယ်ခွင့်လွှတ်ပေးမှာပေမယ့်နောက်ဆုံးမှာတော့ကိုယ်နဲ့ပဲအတူရှိပေးရမယ်အဲ့လိုမှမဟုတ်ရင်ချစ်ရိပ်လေးကိုယ်ကလည်မင်းထင်ထားတာထက်အများကြီးပိုရက်စက်တယ်"

ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)Where stories live. Discover now