EXTRA

4.6K 260 3
                                    

ချစ်ရိပ်မျက်နာနီနီလေးနှင့်ဟန်မင်းသူရုံးခန်းဆီပြေးလာခဲ့သည်။ရုံးခန်းကမှန်အကြည်ဖြစ်တာကြောင့်ရင်သားကြီးကြီးနှင့်မိန်းမတစ်ယောက်ကဟန်မင်းသူနားပူးသီကပ်သီလုပ်ဖို့ကြိုးစားနေတာကိုချစ်ရိပ်မြင်နေရသည်။အခုလေးတင်မှကျဆင်းသွားတဲ့သွေးတွေကအပေါ်ကိုဆောင့်တက်လာပြီးဒေါသတကြီးတံခါးဆွဲဖွင့်လိုက်တော့ဟန်မင်းသူကခြေထောက်မြှောက်ရက်သားရှိနေကာရင်သားကြီးကြီးမိန်းကလေးကကြမ်းပြင်ပေါ်ပုံလျှက်သားလဲကျနေသည်။

"အယ်..မောင်!"

"ချစ်ရိပ်!"

ဟန်မင်းသူချစ်ရိပ်ဆီအမြန်ပြေလာပြီးတစ်ကိုယ်လုံးကိုပွေ့ဖက်နမ်းရှုံ့ကာတစ်ခုခုကိုအလွန်အမင်းစိုးရိမ်နေပုံပင်။

"ချစ်ရိပ်မောင်သူ့ကိုလုံးဝမသိဘူးနော်ရှယ်ရာရှင်ရဲ့သမီးဆိုလို့မောင်ကစီးပွားရေးအကြောင်းဆွေးနွေးမယ်ထင်ပြီးအထဲဝင်ခွင့်ပြုလိုက်တာကိုအဲ့မိန်းမကအတင်းတွေလာကပ်နေတာဒါပေမယ့်မောင်သူ့ကိုအသားတောင်မထိခိုင်းဘူးသိလားချစ်ရိပ်!"

ချစ်ရိပ်ရဲ့မျက်လုံးဝိုင်းဝိုင်းလေးများကကြည်နူးမှုကြောင့်မျက်ရည်လေးများပင်ဝေ့လာသည်။

"ငါသိပါတယ်မောင်ရယ်"

ဟန်မင်းသူကမယုံကြည်နိုင်သေးသလိုချစ်ရိပ်မေ့စေ့လေးကိုကိုင်ပြီးမျက်လုံးတွေကိုသေချာစစ်ဆေးနေသည်။ချစ်ရိပ်ဒေါသထွက်နေရင်မျက်လုံးတွေကသိပ်သိသာတာ။ကြည်လင်နေတဲ့မျက်ဝန်းနက်နက်လေးများကြောင့်ဟန်မင်းသူသက်ပြင်းချလိုက်ပြီး

"တော်သေးတာပေါ့မောင့်မှာရင်တွေကိုပူသွားတာပဲ"

"ဟက်..ယောကျ်ားချင်းကြိုက်ပြီးကြီးရွံ့စရာကောင်းတဲ့ကောင်ဖြစ်နေမှာကိုသနားလို့ကူညီပေးချင်တာကိုနွားဘဝမှာသာယာနေမှတော့ငါလဲမတတ်နိုင်ဘူးရှယ်ယာတွေကိစ္စမရှိခဲ့ဘူးလို့သဘောထားပေးပါကျွန်မရှင်နဲ့အလုပ်တွဲမလုပ်နိုင်တော့ဘူး"

သူမကအတော်ထိခိုက်မိသွားပုံရသည်။လမ်းသွားရာတွင်ပင်အနည်းငယ်ကွတတဖြစ်နေပြီးမျက်နှာတစ်ခုလုံးလဲနီရဲနေသည်။ပေါက်ဝမှာရပ်နေသည့်ဟန်မင်းသူကိုပင်သူမကိုယ်နှင့်တိုက်ကာကျိန်ဆဲသွားသေးသည်။

You've reached the end of published parts.

⏰ Last updated: Aug 30, 2023 ⏰

Add this story to your Library to get notified about new parts!

ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)Where stories live. Discover now