20

3.6K 224 7
                                    

ကုတင်ပေါ်တွင်လူနှစ်ယောက်ကနွေးထွေးစွာထွေးပွေ့ထားကြသည်။

"ကိုယ့်ကိုစိတ်ဆိုးပြေပြီလား"

"ဟင့်အင်း..စိတ်ဆိုးနေတုန်းပဲ"

ဟန်မင်းသူသက်ပြင်းချလိုက်ရင်း

"အမှန်တိုင်းပြောရရင်ကိုယ်ထင်ခဲ့ဖူးတယ်မင်းမရှိလဲနေနိုင်မယ်လို့ကိုယ့်တစ်ဘဝလုံးမှာမိဘဆီကမျက်နှာသာပေးခံရဖို့ပဲကြိုးစားနေခဲ့ရတာကိုယ်သူတို့စကားနားထောင်ပြီးလိမ်လိမ်မာမာနေလိုက်ဖို့ပဲစဥ်းစားထားခဲ့တာဒါပေမယ့်ချစ်ရိပ်လေးကိုတွေ့တဲ့နေကစပြီးအရာအားလုံးပြောင်းပြန်ဖြစ်ကုန်တော့တာပဲကိုယ်မင့်အကြောင်းပဲသိချင်တယ်မင်းကိုပျော်အောင်လုပ်ဖို့ပဲစိတ်ဝင်စားတယ်မင်းအနားလေးပဲရှိချင်တာ"

"......"

"ကိုယ်မေမဒီနဲ့စေ့စပ်ဖို့ဖြစ်လာတော့ရင်ဘတ်တစ်ခုလုံးစုတ်ပြတ်တော့မလို့ပဲချစ်ရိပ်လေးငိုရင်ကိုယ်နာကျင်လွန်းလို့သေသွားဖို့ပဲဆုတောင်းနေခဲ့ရတာအဲ့တုန်းကကိုယ်ဘယ်လိုရှင်သန်ခဲ့ရလဲသိလားချစ်ရိပ်လေးကိုကာကွယ်ဖို့ကိုယ်ရှင်သန်မှဖြစ်မယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ပဲ"

"......"

"ကိုယ့်မိဘတွေကကိုယ်သာမင်းနဲ့လမ်းမခွဲပဲနေမယ်ဆိုရင်ကိုယ့်ကိုအမွေပြတ်စွန့်လွတ်ပြီးမင့်ကိုလည်းသတ်ပြစ်မယ်တဲ့ကိုယ်အမွေတွေကိုမလိုချင်ပေမယ့်ချစ်ရိပ်လေးမင့်ကိုတော့ခြစ်ရာသေးသေးလေးတောင်မထိခိုက်စေချင်ဘူးကိုယ့်မှာလည်းလုံလောက်တဲ့ကာကွယ်နိုင်စွမ်းလည်းမရှိခဲ့ဘူးအဲ့တာကြောင့်မေမဒီနဲ့စေ့စပ်ဖို့ဖြစ်လာခဲ့တာပဲအဲ့ဒီမှာကိုယ်နားလည်လိုက်တာကအင်အားကြီးရမယ်ဆိုတာပဲအခုတော့အကုန်အောင်မြင်ပြီးမင့်အနားပြန်ရောက်နေပြီကောင်းလိုက်တာ"

"မင်းငိုနေတာလား"

"ဟင့်အင်း"

"လိမ်ပြန်ပြီ"

ဟန်မင်းသူသူ့ရဲ့မျက်ရည်တွေကိုခိုးသုတ်လိုက်ပြီး

"ချစ်ရိပ်လေးပျိုတိုင်းကြိုက်ကိုသဘောကျနေတုန်းပဲလားဟင်"

ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)Where stories live. Discover now