ပျိုတိုက်ကြိုက်,ချစ်ရိပ်ကိုထမင်းစားခန်းထဲပွေ့ချီလာပြီးထိုင်ခုံပေါ်ခေါင်းအုံးနုနုလေးချပေးလိုက်ကာချစ်ရိပ်ကိုထိုင်စေလိုက်သည်။
ဟန်မင်းသူကဆန်ပြုတ်ပန်ကန်ကိုချစ်ရိပ်ရှေ့ချပေးလိုက်ပြီး
"စားလို့ရပြီကိုယ်အအေးခံထားပေးတယ်မျက်နှာကြီးဆူပုတ်မနေပါနဲ့မလှတော့ပဲနေမယ်"
ချစ်ရိပ်ဆန်ပြုတ်သောက်နေတာကိုအရိပ်တကြည့်ကြည့်ဖြစ်နေကြတဲ့ညီအကိုနှစ်ယောက်ကြောင့်ချစ်ရိပ်နည်းနည်းတော့စိတ်ပြေလာသည်။ကြိုမကောင်းကြားမကောင်းသူကဖျားသွားရတယ်တဲ့။မဖြစ်နိုင်လိုက်တာ။သူကသက်လုံကောင်းပြီးဖျားနာတာရှားသည်။ခုတော့လူရမ်းကားညီအကိုကြောင့်အရှက်ကွဲရပြီ။
ချစ်ရိပ်ရဲ့တစ်နေ့တာကရိုးရှင်းပါတယ်။အိပ်မယ်စားမယ်ဖုန်းသုံးမယ်။ပျင်းလာရင်တော့အလုပ်ရှုပ်နေကြတဲ့ချစ်သူနှစ်ယောက်ဆီဖုန်းဆက်ကာရစ်မယ်။ခုတလောချစ်ရိပ်နေမကောင်းတာကြောင့်ဟန်မင်းသူနှင့်ပျိုတိုင်းကြိုက်ကတစ်လှည့်စီအလုပ်သွားကြသည်။နှစ်ယောက်သားအလုပ်များနေကြသည်မှာဘေးမှကြည့်ရုံနှင့်ပင်သိသာပါသော်လည်းချစ်ရိပ်ခေါ်လိုက်သည်နှင့်နှစ်ယောက်လုံးချက်ချင်းအပြေးရောက်တာလေးကချစ်ရိပ်ကိုတစ်ကယ်ပျော်ရွှင်စေတယ်။သူ့ရဲ့အယုတ်တမာလေးနှစ်ကောင်ကခုကျတော့လည်းခွေးပေါက်လေးတွေလို။
"ငါသက်သာလာပြီနှစ်ယောက်လုံးအလုပ်သွားကြမင်းတို့တွေခုတလောအလုပ်ရှုပ်နေကြတာငါသိတယ်"
"မဖြစ်ပါဘူးကိုယ်စိတ်မချဘူးပျိုတိုင်းကြိုက်နေခဲ့ငါမနက်သမ္မတကြီးနဲ့အစည်းအဝေးရှိလို့ပြီးတာနဲ့ပြန်လာမယ်"
"ဟာအကိုဒုက္ခပဲကျွန်တော်လည်းမနက်ပိုင်းအစည်းအဝေးရှိတယ်"
"အချိန်ပြောင်းလိုက်လေ"
"အမေကရိကန်serviceအဖွဲ့နဲ့တွေ့ရမှာအကိုပြောင်းလို့မဖြစ်ဘူး"
"အဲ့တာကြောင့်ငါပြောနေတယ်နှစ်ယောက်လုံးအလုပ်သွားကြလို့ငါ့အဆင်ပြေပါတယ်ဆို"
"မရဘူး!!"
နှစ်ယောက်လုံးပြိုင်တူအော်ဟစ်လာတာကြောင့်ချစ်ရိပ်လန့်ပင်လန့်သွားမိသည်။နောက်ဆုံးသဘောတူညီချက်အရဟန်မင်းသူကာပေါ်ချစ်ရိပ်လိုက်ပါလာခဲ့သည်။
YOU ARE READING
ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)
Romanceချစ်ရိပ်ညနေရဲ့ဘဝမှာရည်းစားနှစ်ယောက်ပဲထားခဲ့ဖူးတယ်အဲ့နှစ်ယောက်ကပဲသူ့ရဲ့ဘဝကိုစောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တယ် 3somes❤️
