27

3.3K 199 1
                                    

အဖိုးဖြစ်သူရဲ့အသုဘတစ်ပတ်မပြည့်သေးပေမယ့်မြေးတွေကတစ်ယောက်မှမရှိကြတော့ပေ။လူကြီးတွေကလည်းမနိုင်ကြသည်မို့လျစ်လျူရှုထားရုံသာတတ်နိုင်တော့သည်။

"မင်းဖြေရှင်းပြီးသွားပြီးလား...တကယ်မင့်အိမ်ကအလုပ်သမားလား"

"အင်း..မပူနဲ့တော့နောက်ဆိုသူကိုယ်တို့ရှေ့ဖြတ်တောင်လျှောက်မှာမဟုတ်တော့ဘူး"

ချစ်ရိပ်ကစိတ်အေးသွားသလိုသက်ပြင်းလေးအသာချလိုက်ပေမယ့်မျက်နှာကအနည်းငယ်နီရဲနေဆဲပင်။

ပျိုတိုင်းကြိုက်ထိုအိမ်မှာဆက်မနေနိုင်တော့တာကြောင့်မနက်မိုးလင်းသည်နှင့်အဝတ်အိတ်ကိုယူလာထွက်လာခဲ့လိုက်သည်။အိမ်ပြန်လျှင်လည်းအဖေနှင့်စကားများရမည်ဖြစ်တာကြောင့်သူ့ရဲ့ကိုယ်ပိုင်အိမ်လေးဆီသာသွားနေဖို့ဆုံးဖြတ်လိုက်သည်။

ခမ်းနားကြီးကျယ်လှသောအဆောက်အဦးရှေ့တွင်ရွံစရာကောင်းသောမျက်နှာရှိသည့်လူတစ်ယောက်ကပျိုတိုင်းကြိုက်ကိုထူးထူးဆန်းဆန်းအရာတစ်ချို့ထိုးပေးလိုက်ပြီးပြီတီတီပြုံးပြလာသည်။

"ဟေ့လူငါတို့တွေဒီလောက်ရင်းနှီးနေပြီပဲဟာအိမ်ထဲဝင်ဖို့မဖိတ်တော့ဘူးလား"

မူးယစ်ဆေးဝါးစွဲနေတာကရူးနေတာမဟုတ်ပေ။ထိုလူရဲ့ရွံစရာအကြံဆိုးတွေကမျက်နှာပေါ်မှာစာရေးထားသလိုထင်ရှားနေသည်။

"လစ်စမ်း!!"

"ဟက်..ဆေးစွဲနေတဲ့ကောင်ကများကြီးကြီးကျယ်ကျယ်နဲ့ငါမရှိရင်မင်းဒါတွေဘယ်ကရမလဲဒီမြို့မှာဒါဖြန့်နိုင်တာငါတို့ဂိုဏ်းတစ်ခုပဲရှိတယ်နော်!"

ပျိုတိုင်းကြိုက်ကငြင်းခုန်ရတာမကြိုက်တာကြောင့်အနီးအနားရှိအုတ်ခဲတစ်ခုကိုကောက်ယူလိုက်ပြီးလေပေါ်မြောက်လိုက်သည်နှင့်ထိုစုပ်ချွန်းချွန်းနဲ့ကောင်ကမျိုးစုံဆဲဆိုကာထွက်ပြေးသွားတော့သည်။

'ဟက်...ဂိုဏ်းချုပ်ကဆုံးသွားတဲ့ငါ့အဖိုးဆိုတာတောင်မပြောပြလိုက်ရဘူး..ငကြောက်ကောင်!'

ဒီဂိုဏ်းကိုဘယ်သူကဆက်ခံမှာလဲ။သူကတော့ဒီဂိုဏ်းကဖျက်ဆီးခံရမည်ဟုပဲထင်မိသည်။ဟန်မင်းသူတို့သားအမိကအဖိုးဖြစ်သူကိုသူတို့သားအမိထက်ပိုမုန်းပြီးလူအိုကြီးအသက်ရှိစဥ်ကတည်းကပင်မိရိုးဖလားလုပ်ငန်းတွေကိုရပ်နားကာသူတို့ကြိုက်သလိုပုံဖော်ခဲ့ကြသည်။လူအိုကြီးကသူ့အမှားကိုသိတာကြောင့်ဘာမှဝင်ပြောနိုင်စွမ်းမရှိခဲ့။သူနဲ့ထိုက်တန်တာပါပဲလေ။

ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)Where stories live. Discover now