8

3.7K 241 2
                                    

"မင်းအိပ်လိုက်အုန်းလေငါကျောင်းသွားရမယ်ဒီနေ့"

"မင်းမသွားလို့မရဘူးလားဟင်"

"မရဘူးငါ့ခွင့်ရက်ကစေ့သွားပြီဒီအလုပ်သာထုတ်ခံလိုက်ရရင်မင့်မိဘတွေငါ့ကိုဘယ်လိုတောင်ပြောလိုက်မလဲအလုပ်ရှိတာတောင်သုံးစားမရအောင်ပြောချင်တဲ့ဟာ"

"မင်းစိတ်ချပါသူတို့မင်းကိုဘာမှမပြောစေရတော့ပါဘူး...ငါမင်းနဲ့လိုက်မယ့်ကိုယ်ပိုင်အလုပ်တစ်ခုစီစဥ်ပေးမယ်လေဒီတစ်ခါမငြင်းပါနဲ့တော့ချစ်ရိပ်ရယ်နော်"

"ငါမင်းဆီကလမ်းခွဲကြေးလုံလုံလောက်လောက်ရထားပြီးပြီဘာမှထပ်မလိုတော့ဘူး"

ဟန်မင်းသူမှာမျက်နှာပျက်သွားကာအလန့်တကြားငြင်းဆိုလာသည်။

"အဲ့တာလမ်းခွဲကြေးမဟုတ်ပါဘူးချစ်ရိပ်ရယ်ငါကဒီတိုင်းမင်းလိုအပ်မယ်ထင်လို့"

"မင်းအိပ်လိုက်အုန်းလေငါဘေးကစောင့်ပေးမယ်"

ဟန်မင်းသူကပြောစရာအများကြီးရှိသေးသော်လည်းချစ်ရိပ်ပေးတဲ့အခွင့်အရေးကိုလက်လွှတ်မခံနိုင်တာကြောင့်ကုတင်ပေါ်လှဲချလိုက်ကာချစ်ရိပ်လက်လေးကိုမြဲမြံစွာဆုပ်ကိုင်ထားရင်းအိပ်ပျော်သွားတော့သည်။

နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ဟန်မင်းသူကိုကြည့်ရင်းချစ်ရိပ်သက်ပြင်းချမိလိုက်သည်။

"မင်းကဖြစ်ချင်တာတွေအရမ်းများလွန်းတယ်..ကိုကို"

ထို့နောက်ချစ်ရိပ်ဟန်မင်းသူရဲ့လက်ကိုဖြည်းညင်းစွာဖြုတ်ချလိုက်ပြီးကျောင်းသို့ထွက်ခွာခဲ့တော့သည်။

ကလေးတွေကချစ်ရိပ်ကိုအလုအယက်လွှမ်းနေကြကြောင်းပြောပြကြတော့ချစ်ရိပ်မှာစိတ်ညစ်နေတာတွေတောင်ဘယ်ရောက်ကုန်မှန်းမသိတော့။

'ဒါပေါ့မင်းမရှိလည်းငါ့ဘဝကြီးကသာယာနေမှာပဲ'

ညနေကျောင်းဆင်းတော့အကောင်းစားပြိုင်ကားတစ်စီးနှင့်ချောမောခန့်ငြားလှတဲ့လူငယ်လေးကကျောင်းရှေ့တွင်ရပ်နေတာကြောင့်လူတွေကကွက်ကြည့်ကွက်ကြည့်လုပ်သွားကြသည်။

ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)Where stories live. Discover now