ရုတ်တရက်မို့ချစ်ရိပ်ကိုယ်မှာတောင့်တင်းသွားတော့သည်။
"ကိုယ်ကမင်းကိုချစ်လွန်းလို့ယုံကြည်ပေးထားတာကိုမင်းကကိုယ့်အပေါ်သစ္စာဖောက်လိုက်တယ်ပေါ့ချစ်ရိပ်"
ဟန်မင်းသူအသံမှာပုံမှန်သာဖြစ်နေသော်လည်းရေခဲတမျှအေးစက်နေသည်။ချစ်ရိပ်ခုန်လှုပ်နေသောရင်ဘတ်ကိုထိန်းလိုက်ရင်း
"သစ္စာဖောက်တယ်ဆိုတာချစ်သူတွေမှပြောလို့ရတာမင်းနဲ့ငါကဘာမှဟုတ်မနေဘူး"
ဟန်မင်းသူကချစ်ရိပ်ကိုအရိုးတွေကျိုးကျေတော့မတတ်တင်းကျပ်စွာပွေ့ဖက်ထားသည်။
"ချစ်ရိပ်...သူနဲ့အဆက်အသွယ်ဖြတ်လိုက်နော်လိမ်မာတယ်"
"ငါမလုပ်နိုင်ဘူး!"
"ကိုယ့်ကိုလူဆိုးဖြစ်အောင်မရဘူးလေအချစ်ရယ်"
"ငါ့ကိုလာမခြိမ်းခြောက်နဲ့ဟန်မင်းသူရှေ့လဆိုမင်းကမင်္ဂလာဆောင်တော့မှာဒီလမ်းကိုမင်းပဲရွေးခဲ့တာ..အာ့...ငါ့ကိုလွှတ်စမ်း"
တင်းကျပ်စွာအဖက်ခံထားရတာကြောင့်ချစ်ရိပ်အသက်ရူပင်ကျပ်လာတော့သည်။သို့သော်ဟန်မင်းသူကနည်းနည်းလေးတောင်လွှတ်ပေးဖို့အတွေးရှိပုံမရချေ။
"ကိုယ်မင်္ဂလာဆောင်သွားလည်းချစ်ရိပ်မင်းကတော့တစ်ခြားလူနဲ့ပတ်သက်ခွင့်မရှိဘူး...ကိုယ်ခွင့်မပြုဘူး"
"မင်းစောက်ရူးကောင်..ငါကမင်းကိုအမြဲတမ်းချစ်နေမယ်လို့အိမ်မက်ထဲတောင်မထင်လိုက်နဲ့မင်းငါ့ကိုစွန့်လွှတ်လိုက်တာနဲ့ငါလည်းမင့်ကိုမေ့ပြစ်ပြီးသားပဲအဲ့တာကိုသိထား"
"ချစ်ရိပ်ဒီကမ္ဘာပေါ်မှာမင့်ကိုအချစ်စစ်နဲ့ချစ်မြတ်နိုးတာကိုယ်ပဲရှိတယ်မရူးမိုက်စမ်းနဲ့"
"သွားသေလိုက်ပျိုတိုင်းကြိုက်ကငါ့ကိုသေလောက်အောင်ချစ်တာကွမင့်လိုမျိုးအကြောင်းပြချက်အမျိုးမျိုးနဲ့ထားခဲ့မဲ့ကောင်မဟုတ်ဘူး"
ထိုစကားပြောနေချိန်မှာချစ်ရိပ်အနည်းငယ်တော့လိပ်ပြာမလုံဖြစ်သွားရသည်။အနိုင်ရလိုမှုတစ်ခုတည်းကြောင့်ပြောဆိုခဲ့တာဖြစ်ပြီးပျိုတိုင်းကြိုက်ကတော့သူ့ကိုတောင်ဟန်မင်းသူကိုမေ့နိုင်မှအတည်တွဲနိုင်မည်ဟုပြောထားခဲ့သည်မလား။တစ်ခါတစ်လေပျိုတိုင်းကြိုက်ကသူ့ကိုစွဲလမ်းစွာရူးသွပ်နေသလိုမျိုးစူးစိုက်ကြည့်နေတတ်ပြီးချစ်ရိပ်မျက်နှာမလှတော့တာနဲ့ပြာယာခတ်သွားတတ်ဒါကိုသတိထားမိပေမယ့်ဒါကိုအချစ်လို့တော့သူမယုံကြည်ရဲပါ။ဟန်မင်းသူတစ်ယောက်နှင့်တောင်ချစ်ရိပ်သင်ခန်းစာတွေကျေညှက်နေပြီဖြစ်သည်။
![](https://img.wattpad.com/cover/341944690-288-k224948.jpg)
YOU ARE READING
ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)
Romanceချစ်ရိပ်ညနေရဲ့ဘဝမှာရည်းစားနှစ်ယောက်ပဲထားခဲ့ဖူးတယ်အဲ့နှစ်ယောက်ကပဲသူ့ရဲ့ဘဝကိုစောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တယ် 3somes❤️