"ကျွန်တော်ခင်များကိုဖက်ထားပေးရမလား"
ချစ်ရိပ်ခေါင်းငြိမ့်ပြလိုက်ကာထိုကောင်လေးရင်ခွင်တိုးဝင်သွားလိုက်သည်။
"မင်းဘာရေမွေးသုံးတာလဲမွှေးနေတာပဲ"
"Royalလေခင်များကြိုက်လား"
"အဲ့တံဆိပ်ကိုသိတယ်ကျောင်းတက်တုန်းကကိုယ့်သူငယ်ချင်းတစ်ယောက်သုံးတာအနံ့ကြီးကဆိုးဝါးလွန်းလို့မကြိုက်ဘူးမင်းသုံထားတော့လဲကောင်းနေပြန်ရောတကယ်ပဲရေမွေးကမျက်နှာလိုက်,လိုက်တာ"
ပျိုတိုင်းကြိုက်ကအသဲယားလာသဖြင့်ချစ်ရိပ်ရဲ့ပါးတွေကိုဖိကပ်နမ်းလိုက်ပြီး
"ဘယ်ကသာရေမွှေးကိုအပြစ်သွားပြောမနေနဲ့ခင်များသူငယ်ချင်းကအတုသုံးထားလို့နေမှာပေါ့အစစ်ကတော့တကယ်ကောင်းပါတယ်"
ချစ်ရိပ်ခေါင်းသာငြိမ့်ပြလိုက်တော့သည်။
ပျိုတိုင်းကြိုက်ပြောတာဖြစ်နိုင်ပါတယ်။Royalကတစ်ဗူးကိုဆယ်ချီပြီးပေးရတာဖြစ်တာမို့သာမာန်မိသားစုကလာတဲ့သူ့သူငယ်ချင်းကတတ်နိုင်ဖို့ရာဖြစ်နိုင်ချေနည်းသည်။
သူကဒါကိုမတွေးမိဘဲဟန်မင်းသူပေးဖူးတဲ့ရေမွှေးတွေကိုထိတောင်မထိကြည့်ခဲ့ပေ။ဒါကြောင့်လဲလည်းဟန်မင်းသူကမယုံနိုင်စွာ
"ဒါမင်းကြိုက်တဲ့လာဗင်ဒါနံ့လေးလေအဲ့ဒါလာဗင်ဒါနံ့လေးလို့နည်းနည်းလောက်သုံးကြည့်စမ်းပါ"
ဟုထပ်လဲလဲပြောခဲ့တာဖြစ်မည်။ချစ်ရိပ်ကတော့သူ့သူငယ်ချင်းဆီကရဖူးတဲ့အနံ့ကြီးကိုမုန်းလို့အမှိုက်ပုံးထဲသာတန်းပြစ်ခဲ့မိသည်။အား...နှမြောလိုက်တာ။
"ခင်များရည်းစားဟောင်းကိုလွှမ်းနေတာလား"
"ဟမ်!...ပေါက်ကရတွေ"
"သူခင်များဆီထပ်လာရင်ဘယ်လိုလုပ်မလဲ"
"စိတ်မပူပါနဲ့သူကမကြာခင်လက်ထပ်တော့မှာပါသူ့အကြောင်းကိုယ်အသိဆုံးပဲအိမ်ထောင်ကျသွားရင်ကိုယ့်ဆီလာတော့မှာမဟုတ်ဘူးသူကကိုယ့်ကျင့်တရားတော့အတော်ကြီးကောင်းတဲ့လူ"
"ခင်များသူ့ကိုချီးကျူးနေတာလား"
"ကိုယ်ကဒီတိုင်းပြောပြတာပါကွာ"
![](https://img.wattpad.com/cover/341944690-288-k224948.jpg)
YOU ARE READING
ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)
Romanceချစ်ရိပ်ညနေရဲ့ဘဝမှာရည်းစားနှစ်ယောက်ပဲထားခဲ့ဖူးတယ်အဲ့နှစ်ယောက်ကပဲသူ့ရဲ့ဘဝကိုစောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တယ် 3somes❤️