23

3.3K 218 5
                                    

"ပျိုတိုင်းကြိုက်မြေးလေးရဲ့အကိုရောဘာလို့ဆင်းမလာသေးတာလဲ"

"အဖေ့မြေးကသူ့သူငယ်ချင်းရောပါလာလို့တစ်ယောက်ထဲဖြစ်နေမှာစိုးတယ်ထင်ပါတယ်သမီးသွားခေါ်လိုက်မယ်"

ဟန်မင်းသူရဲ့မိခင်ကသူတို့မိသားစုစကားဝိုင်းထဲပျိုတိုင်းကြိုက်ကိုမဝင်စေချင်သလိုပျိုတိုင်းကြိုက်ကလည်းအဖက်လုပ်ဖို့စိတ်မဝင်စားတာကြောင့်လေထုကအနည်းငယ်တင်းမာလာသည်။

ထိုအချိန်တွင်ဟန်မင်းသူကကောင်လေးတစ်ယောက်ကိုလက်ကဆွဲကာလှေခါးပေါ်မှဟန်ပါပါဆင်းလာခဲ့သည်။ပျိုတိုင်းကြိုက်ဒီမိသားစုကိုမုန်းတီးလှတာကြောင့်ဒီမိသားစုနှင့်ပတ်သက်သာမှန်သမျှရွံ့ရှာရှောင်ရှားတတ်ပေမယ့်ဒီလူကိုတော့ချွင်းချက်ဖြစ်သည်။ဟန်မင်းသူလစ်သည်နှင့်အရောဝင်ဖို့ကြိုးစားပေမယ့်ဟန်မင်းသူကထိုလူကိုတော်တော်ခင်တွယ်ပုံရပြီးတစ်ချက်မှလက်မလွှတ်ပါချေ။အဖိုးဖြစ်သူအတွက်BD soundဆိုပြီးcakeခွဲသည့်အချိန်မျိုးတွင်ပင်ထိုလူကိုသာအရိပ်တစ်ကြည့်ကြည့်ဖြစ်နေတာကြောင့်ပျိုတိုင်းကြိုက်မျက်မှောင်ကျုံ့လိုက်မိသည်။

အသံချိုချိုလေးနှင့်အကိုသေးသေးလေးကအရက်လည်းသောက်တတ်သေးတာလား။အသက်အရွယ်တစ်ခုရှိလာပြီဖြစ်သည့်ဟန်မင်းသူကမိဘဖြစ်သူများနောက်လိုက်ကာလုပ်ငန်းရှင်ကြီးများနှင့်စတင်မိတ်ဆက်နေရပြီဖြစ်သည်။သူကတစ်ချက်,တစ်ချက်သူငယ်ချင်းဘက်လှည့်ကာပြုံးပြရတာလည်းအလုပ်တစ်ခုပင်။

ထိုအခြေအနေကိုအခွင့်ကောင်းယူကာပျိုတိုင်းကြိုက်ထိုအကိုသေးသေးလေးရဲ့ဘေးမှာသွားထိုင်လိုက်သည်။

'Fuckလူကြီးတွေသီးသန့်သောက်ရတဲ့အရက်ကိုသောက်နေရအောင်သူ့အသက်ကဘယ်လောက်မို့လဲ'

ဒီအရက်ကသောက်ဖူးသောက်စမရှိရင်စိတ်ကြွတတ်တာကို။ထင်သည့်အတိုင်းပင်ထိုအကိုသေးသေးလေးမှာစားပွဲပေါ်မှောက်နေပြီးတစ်ကိုယ်လုံးလဲနီရဲနေသည်။

"ဒီ..ဒီမှာဟေ့လူသေးသေးလေးခင်များနည်းနည်းပါးပါးထိန်းပါအုန်းလားဗျ"

"အွမ်!ရူးရူးပေါက်ချင်တယ်"

"ဘာဖြစ်တာ!"

"ရူးရူးပေါက်မယ်လို့!!"

ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)Where stories live. Discover now