EXTRA

4.2K 228 2
                                    

ချစ်ရိပ်ညနေဇွန်းဖြင့်ဟင်းအိုးကို​မွှေရင်းပါးစပ်ကလည်းပွစိပွစိရေရွတ်နေသည်။

"ဒါကြောင့်ရှေ့လူကြီးတွေကပြောခဲ့တာပေါ့ယောကျ်ားဆိုတာမရှိမကောင်းရှိမကောင်းတဲ့မရှိပြန်ရင်လည်းညဘက်ကျလက်ညောင်းရတယ်ရှိတော့လည်းခါးနာရတဲ့အပြင်တစ်အိမ်လုံးရဲ့အလုပ်တွေအကုန်သိမ်းကျုံးလုပ်နေရတယ်အိမ်မှုကိစ္စဆိုတာလွယ်တယ်များထင်နေလားတစ်နေ့လုံးအလုပ်နဲ့လက်မပြတ်အောင်လုပ်နေရတာငါယူထားတာယောကျ်ားကနှစ်ယောက်တောင်..နှစ်ယောက်တောင်!"

ဟန်မင်းသူနှင့်ပျိုတိုင်းကြိုက်ကထမင်းစားပွဲတွင်ထိုင်ကာပါးစပ်ပိတ်ပြီးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။ညီအကိုနှစ်ယောက်ကအတွန့်တက်ချင်ပေမယ့်ချစ်ရိပ်လက်မှာကိုင်ထားသည့်ဇွန်းကဟာသမဟုတ်ပေ။

"ချစ်..ချစ်ရိပ်လေးမောင်ကူရမလားဟင်"

"ပါးစပ်ပိတ်ထားစမ်းငါ့ကိုတာဝန်မကျေတဲ့လူလို့အပြောခံရအောင်လာမလုပ်နဲ့ငါဇွန်းနဲ့ခေါက်ထည့်လိုက်ရ!"

ဟန်မင်းသူကသူ့ညီလေးရဲ့ဖြစ်ရပ်ကိုအတုယူပြီးပါးစပ်ကိုတတ်နိုင်သမျှတင်းတင်းကျပ်ကျပ်ပိတ်လိုက်တော့

"တစ်ချို့လူတွေကမှမေးဖော်ရသေးတယ်တစ်ချို့လူတွေကတော့မေးတောင်မမေးတော့ဘူးဒါတောင်အိမ်ထောင်သက်တမ်းကတစ်နှစ်ပဲရှိသေးတယ်အပြောင်းအလဲကလည်းမြန်လိုက်တာအိမ်ထောင်ကျကံဆိုးလိုက်တဲ့ငါ"

ဟန်မင်းသူရဲ့မျက်နှာကရှုံ့မဲ့သွားပြီးပျိုတိုင်းကြိုက်ကမအောင့်နိုင်တော့ပဲရီမိလိုက်တော့ချစ်ရိပ်ကနဂါးမျက်စောင်းနဲ့ကြည့်လာတာကြောင့်ပျိုတိုင်းကြိုက်အမြန်မျက်နှာပိုးသတ်လိုက်သည်။

ချစ်ရိပ်ကသူ့လက်ရာတွေကိုကုန်အောင်စားမှကြိုက်သလို့ညီအကိုနှစ်ယောက်ကလည်းချစ်ရိပ်ရဲ့လက်ရာတွေကိုဘယ်တော့မှအလဟာသမဖြစ်စေပါ။ပြောင်သလင်းခါနေတဲ့ပန်ကန်တွေကိုတွေ့မှချစ်ရိပ်စိတ်ချမ်းသာသွားပြီးတွေကိုသိမ်းဆည်းဖို့လုပ်တော့

"ကိုယ်ဆေးလိုက်မယ်အချစ်နားတော့နော်ပင်ပန်းနေပြီ"

"မင်းငါ့ကိုလာရွှဲ့နေတာမလား"

ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)Where stories live. Discover now