26

3.4K 205 3
                                    

ဒဏ်ရာကဘယ်လောက်မှမပြင်းထန်သော်လည်းဆေးရုံတစ်ခုလုံးကသည်းသည်းလှုပ်နေကြပြီးVIPခန်းသို့ပို့ဆောင်လိုက်သည်။

"Bossကိုရည်းစားတော်ထားရတာမိုက်လိုက်တာ!"

ဟန်မင်းသူကမျက်နှာကိုမော်ချီပြီးရင်ဘတ်ကိုကော့ပြလိုက်သည်။ပြီးနောက်တိုးတိုးလေးပြောလိုက်သည်။

"မင့်ရဲ့ကောင်လေးပဲလေအဲ့လောက်တော့ရှိမှာပေါ့"

ဆရာဝန်ကခေါင်းပင်ကုတ်လိုက်မိသည်။ညီအကိုနှစ်ယောက်လုံးဆေးရုံရောက်လာကြတာလား။ပြသနာမရှိလောက်ပါဘူးလေ။

VIPအခန်းကျယ်ကြီးထဲဆရာဝန်များကပြာယာခတ်နေအောင်လူနှစ်ယောက်ကိုကုသပေးနေကြသည်။ချစ်ရိပ်ကသူတို့အခန်းထဲလူထပ်ရောက်လာတာသိပေမယ့်လှည့်မကြည့်မိပေ။ဟန်မင်းသူတို့မျိုးနွယ်ထဲကအရေးကြီးတဲ့လူနောက်ထပ်တစ်ယောက်နေမှာပေါ့။ဒဏ်ရာတွေကိုချုပ်နေချိန်ထုံဆေးထိုးထားတာကြောင့်နာကျင်မှုမရှိပေမယ့်ဟန်မင်းသူကချစ်ရိပ်ကိုအရုပ်လေးတစ်ရုပ်လိုတင်းကျပ်စွာပွေ့ဖက်ထားသည်။

လူနာနှစ်ယောက်ကဒုံးကျည်တွေလိုတစ်ယောက်ကိုတစ်ယောက်ကိုတစ်ယောက်စူးစိုက်စွာကြည့်နေကြသည်။ဒေါသကြောင့်ဟန်မင်းသူရဲ့တစ်ကိုယ်လုံးကတုန်ယင်နေပြီးဆရာဝန်ကအံ့သြသလိုကြည့်လာသည်။

"ကျွန်တော်ထုံးဆေးထိုးထားပြီးပါပြီခုထိနာနေတုန်းလား"

"ကျွန်တော်သေးသေးလေးတောင်မနာပါဘူးလုပ်ချင်သလိုလုပ်လို့ရတယ်"

ထိုအချိန်မှစ၍ပျိုတိုင်းကြိုက်မှာဟန်မင်းသူတို့ကျောင်းဘက်မသွားမိအောင်တတ်နိုင်သမျှထိန်းထားတော့သည်။အရက်၊ဆေးလိပ်နှင့်မလုံလောက်တော့တာကြောင့်ရူးရူးမိုက်မိုက်နှင့်ဘိန်းနှင့်အခြားမူးယစ်ဆေးအထိပါဝင်လာတော့သည်။

"ဟေ့လူခင်များကြည့်ရတာတစ်အားညစ်နေသလိုပဲစိတ်ချမ်းသာချင်လား"

ပျိုတိုင်းကြိုက်သူ့နားကပ်လာတဲ့လူစိမ်းကိုကြည့်လိုက်တော့ထိုလူကမျက်ခုံးပင့်ပြလာပြီးသန့်စင်ခန်းဘက်ညွှန်ပြလာသည်။ခါတိုင်းလိုဆိုပျိုတိုင်းကြိုက်ထိုလူမျိုးကိုဂရုမစိုက်ပေမယ့်ယခုချိန်မှာတော့သူတကယ်လိုအပ်နေသည်။

ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)Where stories live. Discover now