"မပြန်ချင်ရင်ဒီမှာအိပ်သွားလို့ရတယ်နော်"
"ပြန်မှာကျွန်တော်မပြန်ရင်အိမ်မှာအမေစိတ်ပူနေလိမ့်မယ်"
"အိုး..ဟုတ်ပါပြီ"
ချစ်ရိပ်စိတ်ပျက်သွားတာတော့အမှန်ပင်။အသက်နှစ်ဆယ့်ငါးနှစ်ထိနို့မပြတ်သေးတဲ့ကလေးတစ်ယောက်ဖြစ်နေမယ်မှန်းသိပါကသူအစကတည်းကမပတ်သက်ခဲ့မိလောက်ပေ။ခုတော့ကောင်းရောmama boyနဲ့လာတွေ့နေသည်။ခြံခုန်နွားတွေပြီးရင်မိခင်ချစ်သားတွေကစိတ်ပျက်စရာအကောင်းဆုံးဖြစ်သည်။ဟန်မင်းသူရဲ့မိဘတွေနှင့်ပင်သူတော်တော်လေးစိတ်ကုန်နေပြီဖြစ်သည်။
သူတံခါးပိတ်ပြီး၁မိနစ်လောက်အကြာမှာတံခါးခေါက်သံပြန်လည်ထွက်ပေါ်လာတာကြောင့်သူဖွင့်ကြည့်လိုက်တော့ပျိုတိုင်းကြိုက်ကမျက်နှာတွေနီရဲနေကာသူ့ကိုစူးစိုက်ကြည့်နေသည်။
"မင်းဘာဖြစ်နေတာလဲ"
"ဟို..ကျွန်တော်တို့ကတွဲနေပြီဆိုတော့ခွဲခါနီးကျအနမ်းလေးတွေပေးသင့်တယ်မလား"
"အား...ဟုတ်ပြီ"
ချစ်ရိပ်ရှေ့တိုးကာခြေဖျားလေးထောက်ပြီးနုတ်ခမ်းတွေကိုထိကပ်လိုက်တော့ထိုကောင်လေးကလည်းအလိုက်သင့်ပူးပေါင်းပေးလာသည်။မိနစ်အနည်းငယ်အကြာမှာတော့မောဟိုက်လာတာကြောင့်ချစ်ရိပ်ပဲအရှုံးပေးလိုက်ကာ
"မင်း....ဘယ်ဆိုးလို့လဲဒီနေရာမှာတော့ဆရာကြီးပဲ"
"ကျွန်တော်ကSexမလုပ်ဖူးပေမယ့်play boyတစ်ယောက်ပါနော်"
"ဘာလဲအမေဆူမှာကြောက်လို့လား"
"ခင်များ!..."
စူပုတ်ပုတ်နှင့်ကျောခိုင်းထွက်ခွာသွားတဲ့လူငယ်လေးကိုကြည့်ပြီးချစ်ရိပ်ပြုံးကာခေါင်းခါမိလိုက်သည်။သူ့နေရက်တွေကိုလွတ်လပ်ပေါ့ပါးစေချင်လို့ရည်စားအသစ်ရှာပါတယ်ဆိုနေမှဒုက္ခတွေများပြန်တော့မည်ထင်သည်။
'ဒေါက်.. ဒေါက်..ဒေါက်'
ချစ်ရိပ်ထိုင်နေတာမှဆယ်မိနစ်မကြာသေးတံခါးခေါက်သံထွက်လာပြန်သည်။ချစ်ရိပ်ဝမ်းသာအားရပင်တံခါးဆွဲဖွင့်ကာ
YOU ARE READING
ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)
Romanceချစ်ရိပ်ညနေရဲ့ဘဝမှာရည်းစားနှစ်ယောက်ပဲထားခဲ့ဖူးတယ်အဲ့နှစ်ယောက်ကပဲသူ့ရဲ့ဘဝကိုစောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တယ် 3somes❤️