"မင်းအလုပ်မသွားဘူးလား..ဘာလို့ခုထိငါ့အိမ်မှာရှိနေသေးတာလဲဒီအိမ်ကငါမိဘတွေပေးထားခဲ့တာနော်မင်းပိုင်တာမဟုတ်ဘူး"
ချစ်ရိပ်မှာစိတ်တွေကြည်မနေပါ။သူ့ရဲ့ရည်စားအသစ်လေးကိုရည်းစားဟောင်းကြောင့်အိမ်ကိုမဖိတ်လိုက်နိုင်ပေ။
"အင်း..မသွားခဲ့ဘူးငါအိပ်ယာထလာတော့ညနေတောင်ရောက်နေပြီအဲ့ဒါနဲ့ညနေစာချက်ပြုတ်နေလိုက်တာမင်းအကြိုက်တွေကြီးချည်းပဲရေချိုးပြီးဆင်းလာခဲ့ငါဟင်းတွေပြန်နွေးထားမယ်"
ချစ်ရိပ်အတွန့်တက်ချင်သေးပေမယ့်ဟင်းတွေကသူ့အကြိုက်တွေချည်းပဲမို့ရေချိုးဖို့သာမြန်မြန်ပြေးသွားလိုက်တော့သည်။
အိမ်နေဝတ်နှင့်ဆင်းလာတဲ့ချစ်ရိပ်ကချောမောနေဆဲပင်။
"မင်းနောက်ကိုငါ့အတွက်ချက်ပြုတ်ပေးစရာမလိုဘူး..မင်းမိဘတွေပြောလာမယ့်စကားကိုငါမကြားချင်ဘူးဟန်မင်းသူ"
"ကိုယ်ပြောပြီးပြီလေသူတို့ထပ်မပြောလာစေရတော့ဘူးလို့"
ထမင်းဝိုင်းတွင်ဟန်မင်းသူကချစ်ရိပ်ပန်ကန်ထဲဟင်းတွေခပ်ထည့်ပေးနေသည်။
"မင်းရောစားအုန်းလေ!"
"ကိုယ်မဆာပါဘူးမင်းမျက်နှာလေးကြည့်ရုံနဲ့တင်ဗိုက်ဝနေပြီ"
ဒါကိုတော့ဟန်မင်းသူအမှန်တိုင်းပြောလိုက်ခြင်းပင်။သူဒီမတိုင်ခင်ကအရမ်းဆာလောင်နေခဲ့ပေမယ့်ချစ်ရိပ်စားနေတာလေးမြင်ပြီးတော့သူဆာလောင်မှုကိုမခံစားရတော့ချေ။အရင်ကတည်းကသူ့ဝါသနာမှာချစ်ရိပ်ကိုငေးကြည့်ရခြင်းပင်။တစ်ခုခုကိုအာရုံစိုက်နေတဲ့ချစ်ရိပ်ကဆည်းဆာနေဝင်ချိန်ထက်လှပလွန်းလှသည်။
သူ့စကားကြောင့်အပြောင်းအလဲမရှိပဲတည်ငြိမ်နေတဲ့ချစ်ရိပ်ရဲ့မျက်နှာလေးကိုကြည့်ရင်းဟန်မင်းသူရင်တွေပူလာခဲ့သည်။သူ့ရဲ့စေ့စပ်ပွဲမတိုင်ခင်ကနေ့ရက်တွေကတကယ်ကိုလှပခဲ့ပါသည်။ချစ်ရိပ်ကခေါင်းမာတတ်ပေမယ့်သူ့မျက်နှာလေးညိုးပြလိုက်တာနဲ့ချက်ချင်းကိုသူ့ဆန္ဒတွေကိုဖြည်းဆည်းပေးနေကြပင်။ကြာတော့ချစ်ရိပ်သူ့အပေါ်ထားတဲ့ချစ်ချင်းမေတ္တာတွေကမြင့်မားလွန်းတာကြောင့်သူ့ရင်ထဲကခံစားချက်တွေကိုတောင်သတိမထားမိတော့သည့်အထိပင်။
YOU ARE READING
ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)
Romanceချစ်ရိပ်ညနေရဲ့ဘဝမှာရည်းစားနှစ်ယောက်ပဲထားခဲ့ဖူးတယ်အဲ့နှစ်ယောက်ကပဲသူ့ရဲ့ဘဝကိုစောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တယ် 3somes❤️
