33(Final)

5.4K 230 2
                                    

အစည်းအဝေးကြီးပြီးသွားတော့ဟန်မင်းသူကရုံးခန်းထဲကပုံနေတဲ့အလုပ်တွေကိုကုန်ရုန်းလုပ်နေရသည်။စီမံကိန်းကကြီးလွန်းတာကြောင့်တစ်ခြားလုပ်ငန်းတွေပင်ရပ်တန့်ထားပြီးဒီတစ်ခုကိုသာအားစိုက်ထုတ်နေရသည်။

"မင်းနည်းနည်းလေးနာပါအုန်းလား"

"ဟင်..ချစ်ရိပ်လေးနိုးလာပြီလား"

ဟန်မင်းသူကအလုပ်တွေကိုပြစ်ချလိုက်ပြီးချစ်ရိပ်ဆီပြေးလာခဲ့သည်။

"တစ်ခုခုစားချင်လားဟင်..နေရတာရောသက်တောင့်သက်သာရှိရဲ့လား"

"ငါအဆင်ပြေပါတယ်ခုနကအရမ်းအိပ်ချင်နေလို့အိပ်လိုက်တာပါအစည်းအဝေးကအဆင်ပြေရဲ့လား"

"​ကိုယ့်ရဲ့အချစ်လေးကြောင့်အားလုံးအဆင်ပြေသွားပြီ..အခုချစ်ရိပ်လေးဘာလုပ်ချင်လဲပဲပြောတော့"

"ဖက်ထားချင်တယ်"

ဆိုဖာပေါ်မှာအမျိုးသားနှစ်ယောက်ထွေးဖက်ထားတဲမြင်ကွင်းကတကယ်ကိုကြည့်ကောင်းလှသည်။အတွင်းရေးမှူးကအလိုက်သတိပင်ညနေခင်းတစ်ခုလုံးပေါ်မလာခဲ့။

"ကိုကို"

"ဗျာ!"

"ငါ့ကိုစိတ်ဆိုးလာဟင်"

"ကိုယ်ကဘယ်လိုလုပ်ချစ်ရိပ်ကိုစိတ်ဆိုးရက်မှာလဲကွာကိုယ်သာချစ်ရိပ်အပေါ်ကောင်းမွန်ခဲ့ရင်ကိုယ်တစ်ယောက်ထဲပိုင်ဆိုင်ရမှာဆိုပြီးခဏခဏတွေးဖူးပေမယ့်ဒါကချစ်ရိပ်ကိုကာကွယ်ပေးနိုင်ခဲ့လို့နောင်တမရဘူးချစ်ရိပ်သာတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင်ကိုယ်ဘာလုပ်မိမယ်မှန်းတောင်မသိဘူးပြီးတော့ကိုယ်ချစ်ရိပ်ကိုဆုံးရှုံးရနိုင်တယ်ဆိုတာသိသွားပြီးကတည်းကချစ်ရိပ်အနားမှာသာအတူရှိရရင်ဘယ်လိုအခြေအနေမျိုးကိုမဆိုလက်ခံနိုင်မှန်းသိသွားတော့တာပဲ..ကိုယ်ကအများကြီး,အများကြီးချစ်ပြီးကျေးဇူးတင်နေခဲ့တာပါအဲ့တာကြောင့်ကိုယ့်အပေါ်အမှားလုပ်မိသလိုမခံစားရဘူးနော်"

"ကိုကို..ကိုကိုငါတောင်းပန်ပါတယ်မင်းတို့နှစ်ယောက်လုံးအပေါ်ငါလောဘကြီးခဲ့မိတယ်ငါဘယ်သူကိုမှမစွန့်လွှတ်နိုင်ခဲ့ဘူး"

ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)Where stories live. Discover now