ဟန်မင်းသူကပါးစပ်ပိတ်ပြီးသာနေသည်။
"မိန်းကလေးတစ်ယောက်ကိုငါ့အတွက်နဲ့ချိန်းခြောက်ခဲ့တာလား"
"ကိုယ်မငြင်းပါဘူးကိုယ်သူနဲ့မှစေ့စပ်မယ်လို့ကိုယ့်မိဘတွေကိုပြောခဲ့တယ်အဲ့လိုမှမဟုတ်ရင်ကိုယ်စိတ်မချနိုင်ဘူးမင်းကသူ့ကိုအရမ်းတွေသဘောကျနေတာလေ"
မျက်နှာငယ်လေးနဲ့ဖြစ်နေတဲ့ဟန်မင်းသူကိုကြည့်ပြီးချစ်ရိပ်အပြစ်မတင်ရက်တော့။
"ငါသူ့ကိုဘယ်လောက်ကြိုက်ကြိုက်ငါကgayတစ်ယောက်ပဲကိုအပိုတွေစိုးရိမ်နေတယ်"
လေသံလေးတွေပျော့ပြောင်းလာသည်နှင့်ဟန်းမင်းသူကပြုံးစိစိဖြစ်လာကာချစ်ရိပ်ကိုထွေးပွေ့လိုက်ပြီး
"မသိဘူးစိတ်ပူရမှာကကိုယ့်တာဝန်ပဲ"
"ပျိုတိုင်းကြိုက်ကရော..သူကဘယ်လိုဖြစ်တာလဲမင်းသူ့ကိုဘာတွေလုပ်ထားသေးလဲ"
"ကိုယ်ပြောတာကိုယုံအဲ့ကောင်ကရူးနေတာ"
"မင်းလဲရူးနေတာပဲကို"
"သူကကိုယ့်ထက်ပိုရူးတယ်"
"ငါ့အတွက်တော့နှစ်ယောက်လုံးကအတူတူပဲ!"
ဟန်မင်းသူနဲ့ချစ်ရိပ်ငြင်းခုံနေတုန်းတံခါးbellမည်လာခဲ့သည်။
"ဘာနေ့မို့ငါ့အိမ်ကိုဧည့်သည်တွေဒီလောက်လာနေကြတာလဲ"
"ကိုယ်တို့မဖွင့်ပဲနေကြမယ်လေ"
"သွားဖွင့်လိုက်!!"
ပထမတစ်ခါတုန်းကလိုပင်လူတွေကပေါ်မလာပဲငြင်းခုန်သံတွေသာကြားနေရပြန်သည်။
"ဒီတစ်ခါကရောဘယ်သူ...."
"အန်တီပါ..အထဲဝင်လာလို့ရလား"
"......"
"ခင်များကိုပြန်တော့လိုပြောနေတယ်နော်တွေ့လာချစ်ရိပ်ကလည်းခင်များကိုမကြိုဆိုဘူး"
"ဝင်လာခိုင်းလိုက်!!"
ဧည့်ခန်းထဲတွင်ထိုအမျိုးသမီးနှင့်ချစ်ရိပ်ကမျက်နှာချင်းဆိုင်ထိုင်နေကြသည်။ချစ်ရိပ်ဘေးမှာတော့ဟန်မင်းသူကစိုးရိမ်တကြီးအမူအယာနှင့်တည်ရှိနေသည်။
YOU ARE READING
ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)
Romantikချစ်ရိပ်ညနေရဲ့ဘဝမှာရည်းစားနှစ်ယောက်ပဲထားခဲ့ဖူးတယ်အဲ့နှစ်ယောက်ကပဲသူ့ရဲ့ဘဝကိုစောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တယ် 3somes❤️