ဟန်မင်းသူတံခါးကိုတစ်ဘုန်းဘုန်းထုနေသော်လည်းမည်သူမှလာရောက်ဖွင့်ပေးခြင်းမရှိချေ။
"ချစ်ရိပ်လေး..ချစ်ရိပ်လေး..ငါ့ရဲ့ချစ်ရိပ်လေးကသေချာပေါက်ဖျားနေတော့မှာသူကဆန်ပြုတ်သောက်ရမှာရောဆေးသောက်ရမှာရောမကြိုက်ဘူးငါချော့ပြီးတိုက်မှရမှာတံခါးဖွင့်စမ်းခုချင်းတံခါးဖွင့်စမ်းလို့...အား!"
ဟန်မင်းသူအခန်းထဲရှိသမျှပစ္စည်းအားလုံးကိုရိုက်ခွဲပြစ်လိုက်သည်။တစ်သက်လုံးမာနအလံတစ်လူလူလွှင့်ထူခဲ့သောယောက်ျားကမျက်ရည်နှင့်နှပ်များစိုချွဲနေတော့သည်။
'ချစ်ရိပ်..ချစ်ရိပ်ကိုကိုတော့မင်းမရှိပဲမနေနိုင်လောက်ဘူးထင်တယ်'
ပုံမှန်အသိစိတ်ကပ်လာတော့သူ့တစ်ကိုယ်လုံးချွေးနှင့်သွေးများစီးကပ်ကပ်ဖြစ်နေသည်။အပျက်အစီးများကိုကျော်ခွပြီးရေချိုးခန်းထဲသွားကာရေးချိုးသန့်စင်လိုက်သည်။ထို့နောက်မှန်ထဲသူ့ကိုယ်သူသေချာပြန်ကြည့်လိုက်တော့သူ့ခန္တာယ်မှာချစ်ရိပ်ပေးထားတဲ့ချစ်သက်သေလေးတွေရှိနေဆဲပင်။လက်နှင့်ထိကြည့်လိုက်တော့နာကျင်နေတာကြောင့်အားပိုထည့်ကာဖိချလိုက်သည်။
နာကျင်မှုကြောင့်မျက်ရည်များပင်ဝဲလာတော့ဟန်မင်းသူပြုံးမိလိုက်သည်။မင်းပေးတဲ့နာကျင်မှုလေးကခံစားလို့ကောင်းလိုက်တာ။
သူတို့တွဲလာတာ7နှစ်ရှိခဲ့ပြီဖြစ်ပေမယ့်သူ့မှာချစ်ရိပ်ကိုရိုးလာပြီဟုမခံစားရချေ။သူ့မိဘတွေရောသူငယ်ချင်းတွေကပါနှစ်တွေကြာရင်ရိုးသွားမှာပါလို့ပြောဆိုခဲ့ကြသလိုသူကိုယ်တိုင်လည်းထိုကဲသို့သာထင်ခဲ့မိသည်။ချစ်ရိပ်နဲ့စတွဲစဉ်ကသူတွေးမိသည်ကရိုးရိုးလေးသာ။သူ့စိတ်ကိုလွှမ်းမိုးလွန်းထားတာမို့ရိုးအီသွားအောင်တွဲလိုက်ခြင်းပင်။
ကြာလာသည်နှင့်အမျှသူ့မှာချစ်ရိပ်ပါးအိအိလေးတွေနုတ်ခမ်းနီနီလေးကြားထဲကရုန်းမထွက်နိုင်ဖြစ်လာခဲ့သည်။ချစ်ရိပ်ကိုထမင်းဆိုင်သွားဖို့လာခေါ်တဲ့ကောင်တွေကိုသဘောမကျလို့သူကိုယ်တိုင်အချက်အပြုတ်သင်ကာချက်ကျွေးခဲ့သည်။ချစ်ရိပ်အခန်းကိုသန့်ရှင်းရေးလာလုပ်ပေးတတ်တဲ့သူငယ်ချင်းလိုလိုဘာလိုလိုကောင်မကိုအမြင်ကပ်လိုသူကိုယ်တိုင်အိမ်သန့်ရှင်းရေးနှင့်အဝတ်လျှော်ဖို့ကိုတာဝန်ယူခဲ့သည်။
YOU ARE READING
ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)
Romansချစ်ရိပ်ညနေရဲ့ဘဝမှာရည်းစားနှစ်ယောက်ပဲထားခဲ့ဖူးတယ်အဲ့နှစ်ယောက်ကပဲသူ့ရဲ့ဘဝကိုစောက်ထိုးမိုးမျှော်ဖြစ်စေခဲ့တယ် 3somes❤️