13

3.6K 239 5
                                    

ပျိုတိုင်းကြိုက်ကချစ်ရိပ်ကိုသူ့ရဲ့အိမ်ဝန်းလေးဆီခေါ်သွားပေးသည်။

"မင်းတို့ကညီအကိုတွေလား"

ပျိုတိုင်းကြိုက်ရဲ့မျက်ဝန်းထဲမုန်းတီးရိပ်တို့ပေါ်လာပြီးချက်ချက်ပြန်​ပျောက်သွားသည်။

"အဖေကအငယ်အနှောင်းရဲ့သားလေဟန်မင်းသူရဲ့အမေကပထမဇနီးရဲ့သမီးအဲ့တော့ကျွန်တော်တို့ကဝမ်းကွဲတွေပေါ့"

ချစ်ရိပ်မှာဘာဆက်ပြောရမှန်းပင်မသိတော့။ဟန်မင်းသူနှင့်အဆင်ပြေခဲ့စဥ်ကသူ့ရဲ့ဝမ်းကွဲမိသားစုအကြောင်းမကြာခဏကြားခဲ့ဖူးသည်။ပုံမှန်ချိန်ဆိုဟန်မင်းသူကသဘောထားကြီးကာကောင်းမွန်တဲ့ယောက်ကျ်ားတစ်ယောက်ဖြစ်သော်ငြားသူ့ဝမ်းကွဲမသားစုအကြောင်းစပြောသည်နှင့်သူ့ပုံရိပ်ပင်မထိန်းသိမ်းနိုင်တော့ပဲဆိုးဆိုးဝါးဝါးပြစ်တင်ပြောဆိုတတ်သည်။

အစကချစ်ရိပ်တွေးမိသည်ကဟန်မင်းသူရဲ့ဝမ်းကွဲမိသားစုကအတော်လေးဆိုးဝါးလောက်သည်ဟုပင်။ယခုတွင်တော့ကလေးနှစ်ယောက်ကမှိုင်းတိုက်ခံရခြင်းဖြစ်နိုင်လောက်သည်။ပျိုတိုင်းကြိုက်ဆီမှရောဟန်မင်းသူဆီမှပါမနှစ်မြို့ခြင်းတွေကိုချစ်ရိပ်ခံစားမိနေသည်။

တစ်စုံတစ်ခုကိုတွေးမိလိုက်ပြီးချစ်ရိပ်မျက်နှာကထိန်းမရအောင်ရုပ်ဆိုးသွားတော့သည်။

"ခင်များဘာဖြစ်တာလဲ"

"ဒီမတိုင်ခင်ဟန်မင်းသူကိုယ့်ကိုပြောခဲ့တာရှိတယ်မင်းကကိုယ့်ကိုအကြောင်းတစ်ခုခု​ရှိလို့ချဥ်းကပ်လာတာတဲ့အစကကိုယ်ထင်တာကကိုယ့်မှာမင်းမက်မောစရာဘာမှမရှိဘူးလို့အခုတော့"

"ဟား..ဟားနေပါအုန်းခင်များဘာတွေတွေးနေတာလဲကျွန်တော်ကဟန်မင်းသူကြောင့်ခင်များနဲ့လာပတ်သက်တယ်ထင်နေတာလား"

"အဲ့လိုလည်းမဟုတ်ပါဘူး"

ချစ်ရိပ်အသံမှာတိုးဝင်သွားသည်။သူတစ်ကယ်ထိုသို့ထင်လိုက်မိခြင်းပင်။

ပျိုတိုင်းကြိုက်မှာတော့ရီရလွန်းတာကြောင့်မျက်လုံးထဲမှမျက်ရည်များပင်ထွက်ကျလာတော့သည်။

ငါ့ရည်စားနှစ်ယောက်လုံးကအောက်တန်းစားတွေချည်းပဲ!(COMPLETE)Where stories live. Discover now