" Jay ! တော်တော့ မင်း မူးနေပြီ "
" ငါ မမူးဘူး Jack ! "
မင်း လက် ဖယ်စမ်းပါကွာ "
ငါ့ကို မတားစမ်းနဲ့ .... !Club ဆိုတဲ့ လူကုန်ထံတို့ အပန်းဖြေတဲ့
နေရာတွင် ဖြစ်သည်၊၊
မီးရောင် ဝင်းဝင်းလက်လက် အောက်
အတိုအပြတ်တွေ ဝတ်ကာ ကနေတဲ့
အမျိုးသမီးတွေအားလဲ Jay ဆိုသော
ထိုအမျိုးသား ဂရုမစိုက်အား၊၊
သူ့ရဲ့ စိတ်ခံစားချက်တွေကို ခဏတာ
အတွက် မေ့ဖျောက် ချင်သည်၊၊
မူးသွားချင်သည်၊၊ သတိရရင် တစိမ့်စိမ့်
နာကျည်းနေတဲ့ သွေးကြောထဲက အမုန်းစ
တွေက ထိုလူကို သွားသတ်ရန်သာ သူ့ကို
အမ်ိန့်ပေးနေသည်၊၊ ထို့ကြောင့် သူမူးမှ ဖြစ်မည်၊၊Jay ဆိုသော ထိုအမျိုးသား ဘာတွေ
ဖြစ်နေလဲကို သိသော ဘေးနားက
သူ့သူငယ်ချင်းမှလဲ ငြိမ်၍ လွှတ်ကာ
ထားလိုက်တော့သည်၊၊ jay က အခုချိန်
သူတားလို့ လုံးဝ ရမှာ မဟုတ်၊၊
အိမ်မှာ ပြဿနာ ရှာနေသည်မို့
ကြံမိကြံရာ ကြံရာ ဒီကို ခေါ်လာခဲ့တာ၊၊
jay က စိတ်မကောင်း အရမ်းဖြစ်နေသည်၊၊
ထို့ကြောင့် သူလဲ သူငယ်ချင်းကောင်း
လုပ်ကာဘေးက အသာကြည့်နေရန်သာ
ဆုံးဖြတ်လိုက်သည်၊၊" ဂွပ် !"
" Jack ! မင်း သိလား ကိုကို သေရတာ
သူ့ကြောင့် ! ဟင့် "
ငါ့ကိုကို သေရတာ အဲ့ကောင်ကြောင့် !
သတ်ပစ်မှာ Jack ! ကိုယ်သူ့ကို သေအောင်
သတ်မှာ ! "Jay ဆိုသော အမျိုးသားက သောက်လက်စ
ဝီစကီ ခွက်အား ဂွပ်ခနဲ ပစ်ချကာ
မျက်ရည်များဖြင့် ရင်ဖွင့်လာသည်က ...
မကျေနပ်တဲ့ ထိုအကြောင်းတွေကို ....Jack ကတော့ ထိုအမျိုးသားအား
အရိပ်တကြည့်ကြည့် ကြည့်နေမိသည်၊၊သူ့နာမည်က " Jack "
Jack ရဲ့ အဖေက အင်္ဂလန်သား ဖြစ်ပြီး
အမေက ကိုရီးယား သူဖြစ်သည်၊၊
သူကတော့ ကာပြားပေါ့ ..
Jack မှာ ရွှေအိုရောင် ဆံပင်တွေနဲ့
အကြည်ရောင် မျက်ဝန်းများ ရှိသည်၊၊
အရပ် ရှည်ရှည် အသားဖြူဖြူ
လူရည်သန့် အမျိုးသား တစ်ယောက်ပင်၊၊
ကိုရီးယား စကားကို အမေ့သွေးနှော သည်မို့
ကျွမ်းကျွမ်း ကျင်ကျင် ပြောတတ်သည်၊၊
အသံလေး နည်းနည်း ဝဲရုံကလွဲပြီး
သူအကုန် နားလည်သည်၊၊ ပေါင်းသင်းတဲ့
သူငယ်ချင်းကလဲ ကိုရီးယား သား စစ်စစ်
မို့ သူလဲ အများကြီး သင်ယူခဲ့ရသည်၊၊
YOU ARE READING
𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬 ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||
Fanfiction" ဒီလောက်နဲ့ တုန်လှုပ် နေပြီလား ?! နေပါအုံး ....ဟက် ! ဇာတ်လမ်းက အခုမှ စမှာ ! " ⚠️