" ညှိ့နှိုင်းပြီးပြီလား ၊၊ "
အိမ်ထဲပြန်ဝင်ဝင်လာခြင်း မေမေထံမှ
ဦးဆုံးအမေးခံလိုက်ရသည်၊၊
အိဖက် နေသော ဇိမ်ခံပစ္စည်း ဆိုဖာလ်
ပေါ်အား သူထိုင်ချလိုက်ပြီး ခေတ္တခဏ
ငြိမ်သက်နေလိုက်သည်၊၊ စကားတွေ အများ
ကြီးပြောပြီး ရန်တွေ့လာရတာမို့ အခုနေ
ဘာပြောပြော တစ်ခုကိုမှ နားထဲဝင်မည်
မထင်၊၊ အကောင်းပြောလဲ အကောင်းမထင်
သလို ၊ အဆိုးလာပြောရင်တော့ ထသတ်မိလိမ့်
မည်ထင်သည်၊၊( အိုမားကို ပြောတာမဟုတ်ပဲ
သူ့ရဲ့ စိတ်အခြေအနေက ဒေါသထွက်
လွယ်နေတဲ့အကြောင်းပါ )မေ့မေ့ အမေး အားသူ အဖြေပြန်မပေးမိ၊၊
ညှိနှိုင်းခဲ့တာမှ မဟုတ်ပဲ စိန်ခေါ်ခဲ့တာ !
ဘယ်သူက ပိုပြီး မုန်းနိုင်မလဲ အသည်းမာနိုင်
မလဲ ပြိုင်ဆိုင်ဖို့ စိန်ခေါ်ခဲ့တာမို့ ညှိနှိုင်းမှု
အဆင်ပြေလား မေးတဲ့ အခါ ဖြေစရာအဖြေ
မရှိတာမဆန်းပါဘူး၊၊ ထို့ကြောင့် မဖြေဘူး၊၊နောက် ဂျွန်ဂျောင်ဂုလဲ ဧည့်ခန်းအတွင်းသို့
လိုက်ဝင်လာသည်၊၊ သူတို့ စကားဝိုင်းထဲ
ဂျောင်ဂုဆိုတဲ့လူ ဝင်လာတော့ သူတို့အားလုံး
ရဲ့ မျက်ဝန်းတွေကဂျောင်ဂုဆီပုံကျသွားသည်၊၊" သားတို့ အဆင်ပြေခဲ့ကြရဲ့လား၊၊ "
" ဟုတ်ကဲ့ သခင်မကြီး အဆင်ပြေခဲ့ပါတယ်၊၊ "
ကင်မ်အိမ်တော်ရဲ့ သခင်မကြီးဟာ
သိပ်ကို သဘောထားပြည့်ဝသည်ဟု
ရောက်လာခဲ့တဲ့ ကြာချိန် နှစ်နာရီအတွင်း
အကဲခတ်ဆုံးဖြတ်လိုက်သည်၊၊
ကြည့်ရုံနှင့် အေးချမ်းမှုကို ခံစားစေ
ရလောက်တဲ့အထိ အေးချမ်းပြီး ကျက်သရေ
ရှိတဲ့ မျက်နှာ ဟာ ဘယ်လောက်များ ဆုတောင်း
ကောင်းခဲ့လို့ပါလိမ့်၊၊ ကင်မ်ဆော့ဂျင် လှတာ
ကို မအံ့သြတော့ပါဘူး၊၊ အကြည်ဓာတ်ရယ်လို့
တင်စားရလောက်တဲ့အထိ စိတ်ဓာတ် ရယ်
နှလုံးသားရယ်က နုနုနယ်နယ် ကြင်ကြင်နာနာ၊၊တစ်စက်တည်းမှာပဲ တစ်ချိန်က သခင်မကြီး
လို အေးချမ်းမှုတွေပဲ သူ့ကို ပေးနိုင်ခဲ့တဲ့
အသက်တစ်မျှ ချစ်မြတ်နိုးရတဲ့ လူတစ်ယောက်
အကြောင်းအား ဖျက်ခနဲ တွေးမိပြန်သည်၊၊
ဒါဟာ ဘာလို့ပါလိမ့် ၊၊
သခင်မကြီးကို မြင်ကတည်း
က သူဟာ ထူးထူးခြားခြား နွေးထွေးနေတာ၊၊
ထိုသူကို အရင်ဆုံး တမ်းတမိတာ၊၊
ပထမဆုံး ထူးဆန်းမှု တစ်ခုပေမဲ့
စိတ်ထင်ခြင်း သက်သက် သာမို့
မြန်မြန် ပဲ မေ့ပစ်လိုက်သည်၊၊
YOU ARE READING
𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬 ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||
Fanfiction" ဒီလောက်နဲ့ တုန်လှုပ် နေပြီလား ?! နေပါအုံး ....ဟက် ! ဇာတ်လမ်းက အခုမှ စမှာ ! " ⚠️