အောက်ဆီဂျင် ပေးထားသော နှာခေါင်းပိုက်အောက်က မျက်နှာလေးက အခုထိ ဖြူစွတ်ကာ
သွေးတွေ မလျှောက်သလို ဖွေးဖြူနေသည်၊၊
ထိုနေ့ကတည်းက စပြီး ဂျွန်ဂျောင်ဂု တစ်ရေး
တောင် ကောင်းကောင်း မအိပ်နိုင်သေး ...
မေ့တစ်ချက် လျော့တစ်ချက်နဲ့သာ ငုတ်တုတ်
မိုးလင်း ခဲ့သည်၊၊ ဆော့ဂျင် သတိရအလာ
ကိုသာ စောင့်နေမိသည်၊၊ သူဘာကြောင့် ဒီလောက်ကင်မ်ဆော့ဂျင် အပေါ် စိတ်ပူတတ်သွားလဲ လည်း သူမသိ ၊၊ ဘာလို့များလဲ !!
ထိုအကြောင်းအားလည်းမစဥ်းစားချင်သေးပါ ... သူ အခု သူ့မျက်စိရှေ့မှာအနားယူနေတဲ့ ဆော့ဂျင် ကိုပဲ အသေအချာ ကြည့်နေမိသည် ၊၊ဆော့ဂျင် သတိမရတာ သုံးရက် ရှိပြီ၊၊ ဂျွန်ဂရု ရဲ့
သတင်းတွေ အကုန်လုံးကိုတော့ လီဟန်က ဖြေရှင်းနိုင်ခဲ့ပြီ၊၊ ခဏတာပွဲဆူသွားပေမဲ့ သူတို့ဘက်ကပေးရန် အကြောင်းပြချက်တွေမှ တစ်ပုံကြီးပါ ...သခင်မကြီးကတော့ အခုထိငြိမ်နေတုန်းပင်၊၊
သိလေသလား မသိလေသလားလဲ သူမသိပါ ...
ဟို တစ်ယောက်ကိုလည်းလာတွေ့တိုင်း သူ နှင်ထုတ်နေမိသည်၊၊ ထိတာ ၊ ကိုင်တာတွေ
သူမကြိုက်ပါဘူး ၊၊ တကယ် ...ထို့နောက် သူထိုင်ကြည့်နေရင်းမှ ကင်မ်ဆော့ဂျင်
လက်ချောင်းကလေး တွေ လှုပ်လာသည် ...
ဂျောင်ဂု မျက်ဝန်းများ ဖြက်ခနဲ အရောင်တွေ
ထွက်လာကာပျော်ရွှင်မှုကို ခံစားလိုက်သည်၊၊
တကယ်ပဲ ဘာမှမဖြစ်လို့ တော်ပါသေးတယ် ..." ဟယ်လို ! လူနာသတိရလာပါပြီ ၊၊ ဆရာဝန်
အမြန်ဆုံး လွှတ်ပေးပါ ၊၊ "ဂျောင်ဂုက ဆေးရုံကပေးထားသော ဖုန်းကို
ခေါ်ကာ သတိရလာကြောင်း အကြောင်းကြားလိုက်သည်၊၊" ဆော့ဂျင် ကိုယ့်ကို မြင်ရလား ၊၊ "
သူ ဆော့ဂျင် အနားသို့ ကပ်သွားလိုက်ကာ မျက်နှာရှေ့ သူ့လက်အား ယမ်းပြကာ သူမေးလိုက်သည်၊၊မပွင့်တပွင့် ဖြစ်နေသော မျက်ဝန်းများက ဖွင့်ကြည့်ဖို့ အားယူနေဟန် ... ဒေါက်တာက ပြောတယ်အဆိပ်ငွေ့တွေကခန္ဓာကိုယ်ထဲက ခုခံအားတွေကိုပါစုပ်ယူသည်တဲ့ .. ကိုယ်ခံအားကို ကျဆင်း စေသည်တဲ့ .....
" ဟင် ဒါကို ချွတ်ပေး ရမှာလား ! ? "
ဆော့ဂျင်က လက်ကလေးကို မြှောက်ကာ အောက်ဆီဂျင် ပိုက်အား ထိုးပြလာသည် ၊၊ ထို့နောက်မှ ဒေါက်တာတွေ သူနာပြုတွေ ချက်ချင်း ဝင်လာကြသည်၊၊
YOU ARE READING
𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬 ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||
Fanfiction" ဒီလောက်နဲ့ တုန်လှုပ် နေပြီလား ?! နေပါအုံး ....ဟက် ! ဇာတ်လမ်းက အခုမှ စမှာ ! " ⚠️