🍓 & 🚬 "5"

2.5K 231 69
                                    

⚠️  ( မရှောင်နဲ့ ဖတ် !)

"ဟာ့ ~~ အာ့  !! "

မက်မက်မောမော အနမ်းကြမ်းတွေအောက် "
ရက်ရက်ရောရော ငြီးငြူ သံများဟာလဲ
အစီအရီ လွင့်ပြယ်လာသည်၊

လောင်ကျွမ်းပါတယ်ဆိုတဲ့ မီးလျှံတွေတောင်
အခု သူတို့နှစ်ယောက်ရဲ့ စိတ်ထဲမှာရှိတဲ့
ဆန္ဒ တွေလောက် ပြင်းပြင်းထန်ထန်
လောင်ကျွမ်းနိုင်မည် မထင်၊၊

ကင်မ်ဆော့ဂျင်  က ဘာအသားနဲ့ ထုထားတာ
မို့လို့လဲ ၊၊ ထိုကဲ့သို့ပဲ ဂျွန်ဂျောင်ဂု ကလဲ
ဥပုသ် စောင့်တဲ့ ကျားတစ်ကောင်လဲ မဟုတ်၊၊

ရစ်မူးလာတဲ့ အခါ မှားကြမှာ၊၊
စာနာသည် တန်ဖိုးထားသည် ဆိုတာ
သူ့တို့ နှစ်ယောက်ကြားမှာ မရှိတဲ့ စည်းပဲ၊၊

ကင်မ်ဆော့ဂျင် ကလဲ ဂျွန်ဂျောင်ဂုကို ရန်သူ
တစ်ယောက်သဖွယ် သတ်မှတ်သလို ဂျွန်ဂျောင်ဂု
ကလဲ ဆော့ဂျင်အား မိတ်ဆွေ အဖြစ် ဘယ်တုန်း
ကမှ နည်းနည်းလေးတောင် မတွေးခဲ့၊၊

အမုန်းတွေနဲ့ အစချီတဲ့ သူတို့ နှစ်ယောက်ရဲ့
ပန်းတိုင်ဟာ တစ်ခုတည်း ၊၊
" ငါ့ကြောင့် မင်း နာကျင်တာ မြင်ချင်တယ် ၊၊
ငိုနေတာပဲ မြင်ချင်တယ်၊၊ သေချာပေါက်
ရစရာ ရှိတဲ့ အကြွေးတွေ ပြန်ယူဖို့ပဲ
စိတ်အားထက်သန်တယ်၊၊ သေချာတာ
တစ်ခုက ငါ မင်းကို သိပ် မုန်းတာပဲ ၊၊ "

ကလဲ့စားချေ ဖို့ပဲ တစ်ယောက်နဲ့ တစ်ယောက်
ပတ်သတ်ကြမဲ့ ဆက်ဆံရေးမှာ နစ်နာသူဟာ
သူလား ? ကျွန်တော်လား ?

တစ်နေ့တော့ တိကျတဲ့ အဖြေတစ်ခု ထွက်လာ
မယ်လဲ ထင်ပါရဲ့ ၊၊

အခုတော့ အတိတ်တွေလဲ မတွေးအား
အနာဂတ်ကိုလဲ မစဥ်းစားချင်သေး၊၊
လက်ရှိကိုပဲ  ပျော်ပျော် ကျော်ဖြတ်ရအောင် !

" ဝုန်း ! "

"  ဟာ့ ! အွန်း ! "

ဝုန်းခနဲ အသံနှင့် အတူ နှစ်ယောက်အိပ်
မွေ့ယာပေါ်သို့ ပြိုလဲ လာတဲ့ ကင်မ်ဆော့ဂျင်
က အသံထွက်လာသည်၊၊
ထွက်လာတဲ့ အသံတို့ဟာလဲ သေချာပေါက်
ရစ်မူးဖွယ် ၊၊

နောက်ဆုတ်လို့ မရတော့တဲ့ အခြေအနေမှာ
သူတို့ နှစ်ယောက်ဆိုတဲ့ အတွေးတွေအား
လွှတ်ချကာ ဒီတိုင်းပဲ ပါတနာ အဖြစ်
ရိုးရိုးလေး စိတ်ကူးယဉ် လိုက်သည်၊၊
ဒါဟာ ခံစားမှု ပိုကောင်းစေသည်၊၊
မူးနေတဲ့ သူဟာ ပိုမူးသလို
ရူးနေတဲ့ သူဟာလဲ ပိုရူးလာသည်၊၊

 𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬    ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||Where stories live. Discover now